တရားဟော 30:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်သည် နာခံခြင်းမရှိဘဲ သွေးဆောင်ခြင်းခံရ၍ သင်၏စိတ်နှလုံးသည်လမ်းလွဲလျက် အခြားဘုရားများကို ပျပ်ဝပ်ကိုးကွယ်လျှင် အခန်းကိုကြည့်ပါ။Common Language Bible17 သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏အမိန့်တော်ကိုမနာခံဘဲဖောက်ပြန်၍ အခြားသောဘုရားများကိုကိုးကွယ် လျှင်မူကား၊- အခန်းကိုကြည့်ပါ။Judson Bible17 သို့မဟုတ် သင့်နှလုံးလွဲသွားသဖြင့်၊ သင်သည် နားမထောင်ဘဲ သူတစ်ပါး သွေးဆောင်ရာသို့ လိုက်၍၊ အခြားတစ်ပါးသောဘုရားတို့ကို ဝတ်ပြုကိုးကွယ်လျှင်၊ အခန်းကိုကြည့်ပါ။ |
ထိုတစ်ပါးအမျိုးသမီးတို့နှင့်ပတ်သက်၍ ထာဝရဘုရားက အစ္စရေးအမျိုးသားတို့အား “ထိုသူတို့ထံသို့ မသွားနှင့်။ သင်တို့ထံလည်း မလာစေနှင့်။ သူတို့သည် သင်တို့ကို သူတို့ဘုရားနောက်သို့စိတ်ပါသွားအောင် ဖြားယောင်းကြလိမ့်မည်”ဟု မိန့်မှာထားနှင့်ပြီဖြစ်၏။ သို့သော် ရှောလမုန်မင်းကြီးသည် ထိုသူတို့ကိုမှ စွဲစွဲလမ်းလမ်းချစ်၏။
သင်သည် အသက်ရှင်၍တိုးပွားမည့်အကြောင်း၊ သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေးတော်မူမည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားကိုချစ်၍ လမ်းတော်သို့လိုက်လျက် ကိုယ်တော်၏ပညတ်ချက်များ၊ ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်းရမည်ဟု ယနေ့ သင့်အား ငါမှာကြား၏။