တရားဟော 28:21 - မြန်မာ့စံမီသမ္မာကျမ်း21 သင်ဝင်ရောက်သိမ်းပိုက်မည့်ပြည်မှ သုတ်သင်မခံရမချင်း ထာဝရဘုရားသည် သင့်အပေါ်၌ ကပ်ရောဂါကိုစွဲကပ်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်တို့တွင်ကပ်ရောဂါတစ်မျိုးနောက်တစ်မျိုး ကျရောက်သဖြင့် သင်တို့ဝင်ရောက်သိမ်းယူ မည့်ပြည်၌တစ်ယောက်မကျန်သေကြေ ပျက်စီးရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible21 ဝင် ရောက် ပိုင် ယူ သော ပြည် နယ် မှ ကုန် ခန်း သည့် တိုင် အောင်၊ ရော ဂ န္တ ရ ကပ် စွဲ မြဲ စေ တော် မူ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible21 သင်သွား၍ ဝင်စားလတ္တံ့သောပြည်မှ သုတ်သင်ပယ်ရှင်းတော်မမူမီ တိုင်အောင်၊ ကာလနာကို သင်၌စွဲစေတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူတို့က “ဟေဗြဲလူမျိုးတို့၏ဘုရားသခင်သည် အကျွန်ုပ်တို့နှင့်တွေ့တော်မူပြီ။ အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရားအား ယဇ်ပူဇော်ရန် အကျွန်ုပ်တို့ကို သုံးရက်ခရီးအကွာအဝေးရှိသောတောကန္တာရသို့ သွားခွင့်ပြုပါ။ သို့မဟုတ်လျှင် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကပ်ရောဂါဘေး၊ သို့မဟုတ် ဓားဘေးဖြင့် ဒဏ်ခတ်တော်မူလိမ့်မည်”ဟု ပြန်လျှောက်ကြ၏။
သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
“သူတို့သည် ရောဂါဆိုးဖြင့် သေလိမ့်မည်။ သူတို့အတွက် ငိုကြွေးမြည်တမ်းမည့်သူမရှိ။ သူတို့ကို သင်္ဂြိုဟ်မည့်သူမရှိ။ မြေပေါ်၌ နောက်ချေးကဲ့သို့ ဖြစ်လိမ့်မည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ပျက်စီးလိမ့်မည်။ အလောင်းကောင်တို့သည် မိုးကောင်းကင်ငှက်နှင့် မြေတိရစ္ဆာန်တို့အတွက် အစာဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
“အီဂျစ်ပြည်အပေါ် ကပ်ရောဂါဘေးကျရောက်စေခဲ့သည့်နည်းတူ သင်တို့၌ ငါဖြစ်စေ၏။ လူပျိုတို့ကို ဓားဖြင့်ကွပ်မျက်ပြီး မြင်းတို့ကိုလည်း ဖမ်းသွားခြင်းခံရစေပြီ။ တပ်စခန်းထဲတွင် အပုပ်နံ့လျှံစေ၍ သင်တို့လည်း ရှူကြရပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။