တရားဟော 27:7 - မြန်မာ့စံမီသမ္မာကျမ်း7 မိတ်သဟာယယဇ်ကိုလည်း ပူဇော်ရမည်။ သင်တို့သည် ထိုတောင်ပေါ်တွင်စားသောက်၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။ အခန်းကိုကြည့်ပါ။Common Language Bible7 ထိုယဇ်ပလ္လင်ပေါ်တွင်မီးရှို့ရာယဇ်များကို ပူဇော်ရမည်။- အခန်းကိုကြည့်ပါ။Garrad Bible7 မိတ် သ ဟာ ယ သ က္ကာ များ ကို ဆက် ကပ် ခြင်း ပြု၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ထို အ ရပ် တွင် သုံး ဆောင် လျက် အား ရ ရွှင် လန်း ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible7 မိတ်သဟာယယဇ်တို့ကိုလည်း ပူဇော်၍၊ ထိုအရပ်တွင် စားသောက်လျက် ရှေ့တော်၌ပျော်မွေ့ခြင်းကို ပြုရမည်။ အခန်းကိုကြည့်ပါ။ |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
သင်မှစ၍ သင့်သားသမီးများ၊ ကျွန်ယောက်ျားကျွန်မိန်းမများ၊ သင့်မြို့အတွင်းရှိ လေဝိအမျိုးနှင့် သင်၌ရှိသော တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့သည် နာမတော်ကိန်းဝပ်ရာအဖြစ် သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာတွင် သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်ရမည်။