တရားဟော 17:11 - မြန်မာ့စံမီသမ္မာကျမ်း11 သူတို့ညွှန်ကြားသည့်တရားအတိုင်း၊ သူတို့ပေးသည့်စီရင်ထုံးဖွဲ့ချက်အတိုင်း သင်စီရင်ရမည်။ သူတို့ပြောကြားသည့်စကားမှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွဲရ။ အခန်းကိုကြည့်ပါ။Common Language Bible11 သင်တို့သည်သူတို့၏စီရင်ဆုံးဖြတ်ချက်ကို လက်ခံ၍ ညွှန်ကြားချက်အတိုင်းတစ်သဝေ မတိမ်းလိုက်နာရမည်။- အခန်းကိုကြည့်ပါ။Judson Bible11 သူတို့ဖော်ပြသော ဓမ္မသတ်စီရင်ချက်၊ ကြားပြောသော ဆုံးဖြတ်ချက်ရှိသည်အတိုင်း ပြုရမည်။ သူတို့ပြသော စီရင်ချက်မှ လက်ယာဘက်၊ လက်ဝဲဘက်သို့ မလွှဲရ။ အခန်းကိုကြည့်ပါ။ |
အထူးသဖြင့် ညစ်ညူးသောတပ်မက်မှုအားဖြင့် သွေးသားဇာတိနောက်သို့လိုက်၍ အုပ်စိုးခြင်းကိုမထီမဲ့မြင်ပြုသောသူတို့ကို ထိုသို့ထိန်းသိမ်းထားတော်မူလိမ့်မည်။ ဤသူတို့သည် အတင့်ရဲသောသူ၊ ထင်ရာစိုင်းတတ်သောသူဖြစ်ကြ၍ ကြောက်ရွံ့ခြင်းမရှိဘဲ ဘုန်းအသရေရှိသောသူတို့ကို စော်ကားပြောဆိုတတ်ကြ၏။
ရှင်ဘုရင်က “ဤအရာအလုံးစုံကား ယွာဘ၏လက်ချက်မဟုတ်လော”ဟု မေးတော်မူလျှင် ထိုအမျိုးသမီးက “အကျွန်ုပ်၏သခင် အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အရှင်မင်းကြီးမိန့်တော်မူသောစကားသည် လက်ဝဲလက်ယာတိမ်းစောင်းခြင်းမရှိ မှန်ကန်ပါ၏။ စင်စစ် အရှင့်အမှုထမ်းယွာဘက အရှင့်ကျွန်မအား ဤစကားအလုံးစုံကိုပြောကြားရန် သင်ပေးပါ၏။