Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 6:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သူ​၏​နာဇရိ​လူ​ဖြစ်​ခြင်း​သည် ညစ်ညူး​သွား​သောကြောင့် ယခင်​ကာလ​သည် ပျက်ပြယ်​သွား​၏​။ ထို့ကြောင့် သူ​သည် နာဇရိ​လူ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ဒုစရိုက်ဖြေရာယဇ်​အဖြစ် တစ်နှစ်သားအရွယ် သိုးသငယ်​တစ်​ကောင်​ကို ယူဆောင်​လာ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 နာ​ဇ​ရိ​ဂိုဏ်း​ဝင်​အ​ဖြစ် မိ​မိ​ကိုယ်​ကို​အ​သစ် တစ်​ဖန်​ဆက်​ကပ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား ဆက်​ကပ်​ထား​သော​ဆံ​ပင်​သည်​ညစ်​ညမ်း​သွား သော​ကြောင့် ယ​ခင်​အ​ဋ္ဌိ​ဋ္ဌာန်​ကာ​လ​သည်​ပျက် ပြယ်​ပြီ​ဖြစ်​၏။ သူ​သည်​ပြစ်​ဒဏ်​ပြေ​ရာ​ယဇ် ပူ​ဇော်​ရန် တစ်​နှစ်​သား​သိုး​က​လေး​ကို​ယူ ခဲ့​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 မ သန့် ရာ ရောက် သည့် အ တွက် သီး ခြား နေ ခဲ့ သော အ ဓိ ဋ္ဌာန် ရက် ပျက် သော ကြောင့် ပြစ် ဒဏ် ပြေ ရာ သ က္ကာ အ ဖြစ် အ ခါ လည် သော သိုး သား ငယ် တစ် ကောင် ကို ဆောင် သွင်း လျက် ထာ ဝ ရ ဘု ရား အ ဖို့ ပျက် ခဲ့ သော အ ဓိ ဋ္ဌာန် ရက် နှင့် အ မျှ သီး ခြား ထား ရ ဦး မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 အ​ရင်​ခြား​နား​စေ​သော​ကာ​လ​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ တစ်​ဖန် ခြား​နား​စေ၍ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်​ကို ဒု​စ​ရိုက်​ဖြေ​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ရ​မည်။ အ​ရင်​ခြား​နား​ခြင်း​ပျက်​သော​ကြောင့် လွန်​သော​ကာ​လ​ပျောက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 6:12
12 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ယူ​သော​အကောင်​သည် အပြစ်အနာအဆာကင်း​သော တစ်နှစ်သားအရွယ်​အထီး​ဖြစ်​ရ​မည်​။ သိုး​၊ သို့မဟုတ် ဆိတ်​တို့​ထဲမှ ယူ​နိုင်​၏​။


‘ဖြောင့်မတ်​သော​သူ​သည် ဖြောင့်မတ်​ရာ​လမ်း​မှ​လွဲ​၍ ဆိုးယုတ်​သော​သူ​တို့​ကဲ့သို့ မတရားမှု​၊ စက်ဆုပ်ရွံရှာဖွယ်​အမှု​တို့​ကို ပြု​လျှင် သူ​သည် အသက်ချမ်းသာ​ရာ​ရ​မည်လော​။ သူ​ပြု​ခဲ့​သော​ဖြောင့်မတ်​ခြင်း​အမှု​တို့​ကို အမှတ်ရ​မည်​မ​ဟုတ်​။ သူ​သည် ဖောက်ပြန်​၍ အပြစ်ပြု​သောကြောင့် သေ​ရ​မည်​။


ယဇ်ပုရောဟိတ်​သည် အပြစ်ဒဏ်ဖြေရာယဇ်​ဖြစ်​သော​သိုးသငယ်​နှင့် ဆီ​တစ်​လောဃ​ကို ယူ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် ၎င်း​တို့​ကို ထာဝရဘုရား​ရှေ့​တော်​၌ ချီလွှဲရာပူဇော်သက္ကာ​အဖြစ် ချီလွှဲ​ရ​မည်​။


သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​ပူဇော်​ရန် သိုးဆိတ်​တို့​ထဲမှ သိုးသငယ်အမ​ကို​ဖြစ်စေ​၊ ဆိတ်သငယ်​အမ​ကို​ဖြစ်စေ အပြစ်ဖြေရာယဇ်​အဖြစ် ထာဝရဘုရား​ထံသို့​ယူဆောင်​လာ​ရ​မည်​။ ယဇ်ပုရောဟိတ်​သည် သူ့​အတွက် အပြစ်​ဖြေလွှတ်​ခြင်း​ကို​ပြု​ပေး​ရ​မည်​။


သူ​သည် သိုးသငယ်​ကို ပူဇော်​ရန်​မ​တတ်နိုင်​လျှင် သူ​ကျူးလွန်​မိ​ခဲ့​သော​အပြစ်​အတွက် အပြစ်ဒဏ်ဖြေရာယဇ်​အဖြစ် ချိုးငှက်​နှစ်​ကောင်​၊ သို့မဟုတ် ခိုငယ်​နှစ်​ကောင်​ကို ထာဝရဘုရား​ထံသို့ ယူဆောင်​လာ​ရ​မည်​။ တစ်​ကောင်​သည် အပြစ်ဖြေရာယဇ်​အတွက်​ဖြစ်ပြီး ကျန်​တစ်​ကောင်​သည် မီးရှို့ရာယဇ်​အတွက်​ဖြစ်​၏​။


ယဇ်ပုရောဟိတ်​သည် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ပူဇော်​ခြင်း​ဖြင့် အသေကောင်​ကြောင့် ပြစ်မှား​ရာ​ရောက်​သော ထို​သူ​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ပေး​ရ​မည်​။ ထို​နေ့​၌ပင် သူ​၏​ဦးခေါင်း​ကို သန့်ရှင်း​စေ​ရ​မည်​။


နာဇရိလူ​နှင့်ဆိုင်သော​တရား​ကား ဤသို့​ဖြစ်​၏​။ နာဇရိ​လူ​သည် မိမိကိုယ်မိမိ သီးခြား​ထား​သည့်​ကာလ​ပြည့်​သော​နေ့​၌ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​သို့ လာ​ရ​မည်​။


သို့သော် အဆုံး​တိုင်အောင် တည်ကြည်​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။


ယေရှု​က​လည်း“ယခု​အခါ​တွင် အခွင့်​ပေး​လော့။ အကြောင်းမူကား ငါ​တို့​သည် ဖြောင့်မတ်​ခြင်း​အလုံးစုံ​ကို ဤသို့​ပြည့်စုံ​စေ​သင့်​၏”​ဟု မိန့်​တော်မူ​၏။ ထိုအခါ ယောဟန်​သည် ကိုယ်တော်​ကို​အခွင့်​ပေး​လေ​၏။


အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။


သင်​တို့​သည် ငါ​တို့​လုပ်ဆောင်​ခဲ့​သော​အရာ​ကို​မ​ဆုံးရှုံး​စေ​ဘဲ အကျိုးကျေးဇူး​ကို​အပြည့်အဝ​ခံစား​ရ​စေရန် မိမိ​တို့​ကိုယ်ကို​သတိပြု​ကြ​လော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ