Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 5:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ယဇ်ပုရောဟိတ်​သည် ထို​ကျိန်​ခြင်း​ကို စာလိပ်​ပေါ်၌ ရေး​၍ ခါး​သော​ရေ​ထဲ ဆေးချ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​နောက်​ယဇ်​ပု​ရော​ဟိတ်​သည် ထို​ကျိန်​စာ​ကို ရေး​သား​၍​စာ​ကို​ရေ​ခါး​ထဲ​တွင်​ချေ​ဖျက် ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ပ ရော ဟိတ် သည် ဤ အ မင်္ဂ လာ စ ကား များ ကို ပု ရ ပိုက် တွင် ရေး၍ နစ် နာ ခြင်း ရေ သို့ ဖျက် ထည့် ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယဇ်​ပု​ရော​ဟိတ်​သည်​လည်း၊ ထို​အ​ကျိန်​တို့​ကို​ရေး​မှတ်၍ တစ်​ဖန် ရေ​ခါး​နှင့်​ချေ​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 5:23
14 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​က ကြည့်ရှု​လော့​။ ယုဒ​ဘုရင်​ရှေ့​၌ ဖတ်ပြ​ခဲ့​သော​ကျမ်း​တွင် ရေးထား​သော​ကျိန်စာ​ရှိသမျှ​အတိုင်း ငါ​သည် ဤ​မြို့​နှင့်​မြို့သား​တို့​ကို ဘေးအန္တရာယ်​နှင့် ကြုံတွေ့​စေ​မည်​။


ငါ​ပြော​သော​စကား​များ​ကို မည်သူ​နားထောင်​ပေး​မည်နည်း​။ ကြည့်​ကြ​ပါ​။ ငါ​လက်မှတ်​ထိုး​ပြီ​ဖြစ်၍ အနန္တတန်ခိုးရှင်​သည် ငါ့​စကား​ကို​နားညောင်း​တော်မူ​ပါစေသော​။ ငါ့​ကို​စွဲချက်တင်​သော​သူ​သည် စွဲချက်​ကို ရေးမှတ်​ပါစေသော​။


အို ဘုရားသခင်​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့်အညီ အကျွန်ုပ်​ကို​သနား​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ကျူးလွန်​သော​အပြစ်​များ​ကို ပယ်ဖျက်​တော်မူ​ပါ​။


အကျွန်ုပ်​၏​အပြစ်​များ​မှ မျက်နှာ​တော်​လွှဲ​၍ အကျွန်ုပ်​၏​ဒုစရိုက်​အားလုံး​ကို ပယ်ဖျက်​တော်မူ​ပါ​။


ထိုအခါ ထာဝရဘုရား​က မောရှေ​အား “​အာမလက်​လူမျိုး​တို့​ကို ကောင်းကင်​အောက်​တွင် အမှတ်ရစရာ​မျှ​မ​ကျန်​အောင် ငါ​ဖျောက်ဖျက်​ပစ်​မည်​ဖြစ်၍ ဤ​အမှု​ကို အောက်မေ့ဖွယ်​အဖြစ် ကျမ်းစာလိပ်​၌ ရေးမှတ်​ထား​ပြီး ယောရှု​ရှေ့​၌ ဖတ်ပြ​လော့​”​ဟု မိန့်​တော်မူ​၏​။


ငါ​ကိုယ်တော်တိုင် သင်​ကျူးလွန်​သော​အပြစ်​တို့​ကို ငါ့​အဖို့ ငါ​ပယ်ဖျက်​၏​။ သင်​၏​အပြစ်​တို့​ကို ငါ​အောက်မေ့​မည်​မ​ဟုတ်​။


သင်​ကျူးလွန်​သော​အပြစ်​တို့​ကို တိမ်တိုက်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင်​၏​အပြစ်​တို့​ကို မိုးတိမ်​ကဲ့သို့​လွင့်စဉ်​သွား​စေ​ပြီ​။ သင့်​ကို​ငါ​ရွေးနုတ်​ပြီ​ဖြစ်၍ ငါ့​ထံသို့​ပြန်လာ​လော့​”​ဟု မိန့်​တော်မူ​၏​။


ကျိန်​ခြင်း​ကို​ဖြစ်​စေ​သည့် ဤ​ရေ​သည် သင်​၏​ကိုယ်​ထဲသို့​ဝင်​၍ ဝမ်း​ကို​ဖောရောင်​စေ​ပြီး ပေါင်​ကို​ချည့်နဲ့​စေ​ပါစေ​ဟု ယဇ်ပုရောဟိတ်​သည် သင့်​ကို ကျိန်စာတိုက်​မည်​’​ဟု ဆို​ရ​မည်​။ ထို​မိန်းမ​က​လည်း ‘​အာမင်​၊ အာမင်​’​ဟု ဆို​ရ​မည်​။


ထို့နောက် ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ခါး​သော​ရေ​ကို ထို​မိန်းမ​အား​တိုက်​ရ​မည်​။ ကျိန်ဆဲ​ခြင်း​ကို​ဖြစ်​စေ​သည့်​ရေ​သည် ထို​မိန်းမ​ထဲသို့​ဝင်သွား​သောအခါ ခါးသီး​ခြင်း​ကို ဖြစ်​စေ​လိမ့်မည်​။


ထို့ကြောင့် သင်​တို့​၏​အပြစ်​များ ပယ်ဖျက်​ခြင်း​ခံရ​စေရန် နောင်တရ​လျက် ပြောင်းလဲ​ကြ​လော့။


ယခု ဤ​သီချင်း​ကို​ရေး​ထား​၍ အစ္စရေး​အမျိုးသား​တို့​ကို​သင်ကြား​ပေး​လော့​။ ဤ​သီချင်း​သည် အစ္စရေး​အမျိုးသား​တို့​ကို ဆန့်ကျင်​သည့်​သက်သေ​ဖြစ်​သောကြောင့် သူ​တို့​ကို အလွတ်ရွတ်ဆို​စေ​လော့​။


တစ်ဖန် သေလွန်​သော​သူ​အကြီး​အငယ်​တို့​သည် ပလ္လင်​တော်​ရှေ့​၌​ရပ်​နေ​ကြ​သည်​ကို ငါ​မြင်​ရ​၏။ စာစောင်​များ​ကို​ဖွင့်​ထား​၍ အသက်​စာစောင်​တည်းဟူသော အခြား​သော​စာစောင်​ကို​လည်း​ဖွင့်​ထား​၏။ သေလွန်​သော​သူ​တို့​သည် ထို​စာစောင်​များ​တွင်​ရေး​ထား​သည့်​အတိုင်း မိမိ​တို့​ပြု​သော​အမှု​များ​နှင့်အညီ တရား​စီရင်​ခြင်း​ကို​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ