Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 36:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 အစ္စရေး​အမျိုးသား​တို့​၏​ရွှေရတုနှစ်​ရောက်​သောအခါ သူ​တို့​၏​အမွေ​သည် သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ခြင်း​ဖြင့် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​အမျိုးအနွယ်​၏​အမွေ​ထဲမှ နုတ်ယူ​ကြ​ပါ​လိမ့်မည်​”​ဟု လျှောက်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ရောင်း​ချ​သော​ပစ္စည်း​အား​လုံး​ကို​မူ​လ​ပိုင်​ရှင် များ​၏​လက်​သို့​ပြန်​အပ်​ရ​သော​ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​ယု​ဘိ​လ​နှစ်​သို့​ရောက်​သော အ​ခါ ဇ​လော​ဖဒ်​သ​မီး​တို့​၏​မြေ​သည်​သူ​တို့ စုံ​ဖက်​သော​အ​နွယ်​ဝင်​တို့​လက်​သို့​အ​မြဲ​တမ်း ရောက်​ရှိ​မည်​ဖြစ်​၍ အ​ကျွန်ုပ်​တို့​၏​အ​နွယ် အ​တွက်​ဆုံး​ရှုံး​နစ်​နာ​ပါ​သည်'' ဟု​လျှောက် ထား​ကြ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကျွန် တော် တို့ ပိုင် ရာ ဝေ စု လျော့ ပါ လိမ့် မည်။ ဣ သ ရေ လ အ မျိုး သား တို့ မင်္ဂ လာ နှစ် တိုင် သော်၊ ၎င်း တို့ အ မွေ စု ကို ဝင် သွား မည့် အ နွယ် ပိုင် စု တွင် ထပ် ဆင့် စေ သည့် အ တိုင်း ကျွန် တော် တို့ ဘိုး ဘေး များ အ နွယ်၏ ပိုင် စု လျော့ မြဲ လျော့ လိမ့် မည် ဟု တောင်း လျှောက် ကြ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၌ ယု​ဘိ​လ​နှစ်​ရောက်​သော​အ​ခါ၊ သူ​တို့​အ​မွေ​မြေ​သည် သူ​တို့​ဝင်​သော​အ​မျိုး၏​အ​မွေ၌ အ​မြဲ​တည်​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့၏ မိ​စဉ်​ဘ​ဆက်​အ​မွေ​မှ အ​စဉ်​နုတ်​လျက် ရှိ​ပါ​လိမ့်​မည်​ဟု လျှောက်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 36:4
7 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရား​၏​မင်္ဂလာ​နှစ်ကာလ​နှင့် ငါ​တို့​ဘုရားသခင်​၏​လက်စားချေ​ရာ​နေ့​ကို ဟောပြော​ရန်​၊ ငိုကြွေးမြည်တမ်း​သော​သူ​အပေါင်း​တို့​ကို နှစ်သိမ့်​ပေး​ရန် ငါ့​ကို​စေလွှတ်​တော်မူ​၏​။


မြေ​သည် ငါ့​အပိုင်​ဖြစ်​၏​။ သင်​တို့​သည် ငါ့​ထံ၌​တည်းခို​သော တိုင်းတစ်ပါးသား​များ​၊ ဧည့်သည်​များ​ဖြစ်​သောကြောင့် မြေ​ကို​အပြီးအပိုင်​မ​ရောင်း​ရ​။


သင်​သည် ဥပုသ်​နှစ် ခုနစ်​နှစ်​ကို မိမိဘာသာမိမိ ခုနစ်​နှစ် ခုနစ်​လီ ရေတွက်​ရ​မည်​။ ဥပုသ်​နှစ် ခုနစ်​နှစ် ခုနစ်​လီ​၏​ကာလ​သည် လေးဆယ့်​ကိုး​နှစ်​ဖြစ်​၏​။


သူ​တို့​သည် အခြား​အစ္စရေး​မျိုးနွယ်​၏​သားမြေး တစ်စုံတစ်ယောက်​နှင့်​စုံဖက်​လျှင် သူ​တို့​၏​အမွေ​ကို အကျွန်ုပ်​တို့​ဘိုးဘေး​တို့​၏​အမွေ​ထဲမှ​နုတ်ယူ​၍ သူ​တို့​နှင့်​စုံဖက်​သော​အမျိုးအနွယ်​၏​အမွေ​ထဲသို့ ထည့်ပေါင်း​ကြ​လိမ့်မည်​။ ဤသို့ဖြင့် အကျွန်ုပ်​တို့​၏​အမွေ​ဝေစု​သည် နုတ်ယူ​ခြင်း​ခံရ​ပါ​လိမ့်မည်​။


ထိုအခါ မောရှေ​သည် ထာဝရဘုရား​၏​အမိန့်​တော်​အတိုင်း အစ္စရေး​အမျိုးသား​တို့​အား “​ယောသပ်​သားမြေး​အမျိုးအနွယ်​လျှောက်ဆို​သော​အရာ​သည် မှန်​ပေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ