တောလည် 21:22 - မြန်မာ့စံမီသမ္မာကျမ်း22 “အကျွန်ုပ်တို့ကို အရှင်မင်းကြီး၏ပြည်ထဲမှ ဖြတ်သွားခွင့်ပြုတော်မူပါ။ လယ်ယာနှင့်စပျစ်ခြံတို့ထဲမှ ဖြတ်မသွားပါ။ ရေတွင်းထဲမှရေကိုလည်း မသောက်ပါ။ အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေကိုကျော်လွန်သည်အထိ ရှင်ဘုရင်လမ်းမအတိုင်းသာသွားပါမည်”ဟု လျှောက်စေ၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ``အကျွန်ုပ်တို့အားမင်းကြီး၏ပြည်ကိုဖြတ် သွားခွင့်ပြုပါ။ အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ ၏သိုးနွားတိရစ္ဆာန်တို့သည် လမ်းမကြီးအတိုင်း သွားပါမည်။ မင်းကြီး၏လယ်ယာများနှင့် စပျစ်ဥယျာဉ်များကိုဖြတ်ကျော်သွားမည် မဟုတ်ပါ။ မင်းကြီး၏ရေတွင်းများမှရေကို လည်းမသောက်ပါ။ အကျွန်ုပ်တို့သည်မင်းကြီး ၏နယ်မြေမှထွက်သည်အထိ လမ်းမကြီး အတိုင်းဖြတ်သွားပါမည်'' ဟူ၍အခွင့် တောင်းစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible22 ကျွန် တော် တို့ သည် လယ် ခြံ များ သို့ မ လွှဲ။ တွင်း ရေ ကို လည်း မ သောက်။ ပြည် နယ် မ လွန် မ ချင်း လမ်း မ တော် ဖြင့် သာ လျှောက် သွား ကြ ပါ မည် ဟု ခွင့် ပန် သော် လည်း၊ အခန်းကိုကြည့်ပါ။Judson Bible22 အကျွန်ုပ်တို့သည် မင်းကြီးပြည်အလယ်၌ လျှောက်၍သွားပါရစေ။ လယ်ယာသို့လည်းကောင်း၊ စပျစ်ဥယျာဉ်သို့လည်းကောင်း မဝင်ပါ။ တွင်းရေကိုလည်း မသောက်ပါ။ မင်းကြီး ပြည်ကိုမလွန်မီတိုင်အောင်၊ မင်းလမ်းသို့သာ လျှောက်လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့ကို အရှင်မင်းကြီး၏ပြည်ထဲမှ ဖြတ်သွားခွင့်ပြုတော်မူပါ။ လယ်ယာနှင့်စပျစ်ခြံတို့ထဲမှ ဖြတ်မသွားပါ။ ရေတွင်းထဲမှရေကိုလည်း မသောက်ပါ။ အကျွန်ုပ်တို့သည် အရှင်မင်းကြီး၏နယ်မြေကိုကျော်လွန်သည်အထိ လက်ယာဘက်၊ လက်ဝဲဘက်သို့မလွှဲဘဲ ရှင်ဘုရင်လမ်းမအတိုင်းသွားပါမည်”ဟု လျှောက်စေ၏။