Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 8:30 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ဖိလိပ္ပု​သည်​လည်း ပြေး​သွား​ရာ ထို​သူ​သည် ပရောဖက်​ဟေရှာယ​ကျမ်း​ဖတ်​နေ​သည်​ကို ကြား​သဖြင့် “သင်​ဖတ်​နေ​သော​အရာ​ကို နားလည်​ပါ​သလော”​ဟု မေး​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

30 သို့​ဖြစ်​၍​ဖိ​လိပ္ပု​သည်​ပြေး​၍​သွား​ရာ​ပ​ရော ဖက်​ဟေ​ရှာ​ယ​ကျမ်း​ကို ထို​သူ​ဖတ်​လျက်​နေ​သည် ကို​ကြား​သ​ဖြင့်``သင်​ဖတ်​နေ​သည့်​ကျမ်း​ချက် ၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​နား​လည်​ပါ​သ​လော'' ဟု​မေး​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ဖိ လိ ပ္ပု သည် အ မြန် လိုက်၍ ပ ရော ဖက် ဟေ ရှာ ယ ကျမ်း ဖတ် နေ သည် ကို ကြား သည့် ကာ လ၊ ဖတ် သော အ ချက် ကို နား လည် ပါ သ လော ဟု မေး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ဖိ​လိ​ပ္ပု​သည် ရ​ထား​သို့​ပြေး၍ ပ​ရော​ဖက်​ဟေ​ရှာ​ယ၏ ကျမ်း​စာ၌ ဖတ်​သည်​ကို​ကြား​လျှင်၊ ဖတ်​သော​အ​ရာ​ကို နား​လည်​ပါ၏​လော​ဟု မေး​မြန်း၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

30 ဖိလိပ္ပု​သည် ပြေးလိုက်​သောအခါ ပရောဖက်​ဟေရှာယ​၏​ကျမ်း​ကို ဖတ်နေသည်​ကို ကြား​လျှင် ထို​သူ​အား “ဖတ်နေသည့်​အရာ​ကို နားလည်​သဘောပေါက်သလော” ဟု မေးလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 8:30
18 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် အကျွန်ုပ်​၏​စိတ်နှလုံး​ကို ကျယ်စွာ​ဖွင့်ပေး​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​ပညတ်တော်​လမ်း​အတိုင်း ပြေး​ပါ​မည်​။


သင်​လုပ်ဆောင်စရာအမှု​ရှိသမျှ​ကို ခွန်အား​စိုက်ထုတ်​၍​လုပ်ဆောင်​လော့​။ အကြောင်းမူကား သင်​သွား​ရ​မည့် မရဏာနိုင်ငံ​တွင် အလုပ်အကိုင်​မ​ရှိ​၊ အကြောင်းအကျိုး​မ​ရှိ​၊ အသိပညာ​မ​ရှိ​၊ ဉာဏ်ပညာ​လည်း​မ​ရှိ​။


မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။


ကောင်း​သော​မြေ​ပေါ်၌ ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​၍ နားလည်​သော​သူ​ကို​ဆို​လို​၏။ ထိုသို့သော​သူ​သည် အမှန်ပင် အသီး​သီး​၍ အချို့​သည် အဆ​တစ်ရာ၊ အချို့​သည် အဆ​ခြောက်ဆယ်၊ အချို့​သည် အဆ​သုံးဆယ် သီး​လေ​၏”​ဟု မိန့်​တော်မူ​၏။


ဤ​အရာ​အားလုံး​ကို သင်​တို့​နားလည်​ကြ​သလော”​ဟု မေး​တော်မူ​၏။ တပည့်​တော်​တို့​က “နားလည်​ပါ​၏”​ဟု ပြန်လျှောက်​ကြ​၏။


ထို့နောက် ကိုယ်တော်​သည် လူထု​ပရိသတ်​ကို​ခေါ်​ပြီးလျှင်“နားထောင်​၍ နားလည်​ကြ​လော့။


ထို့ကြောင့် ပရောဖက်​ဒံယေလ​အားဖြင့် မိန့်​တော်မူ​ခဲ့​သည့် ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ သည် သန့်ရှင်း​သော​နေရာ​၌ ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ)


ပျက်စီး​ဆိတ်သုဉ်း​ခြင်း​နှင့်ဆိုင်သော​ရွံရှာ​ဖွယ်​အရာ​သည် မ​ရပ်​သင့်​သော​နေရာ​၌​ရပ်​နေ​သည်​ကို သင်​တို့​မြင်​ကြ​သောအခါ (ဖတ်​သော​သူ​နားလည်​ပါစေ) ယုဒ​နယ်​၌​ရှိ​သော​သူ​တို့​သည် တောင်​များ​ပေါ်သို့​ထွက်ပြေး​ကြ​စေ။


ယေရှု​က​လည်း“ငါ့​ကို​စေလွှတ်​တော်မူ​သော​သူ​၏​အလို​တော်​ကို ဆောင်ရွက်​၍ သူ​၏​အမှု​တော်​ကို​ပြီးမြောက်​စေ​ခြင်း​သည် ငါ​၏​အစားအစာ​ဖြစ်​၏။


သင်​တို့​သည် ကျမ်းစာ​အားဖြင့် ထာဝရ​အသက်​ကို​ရရှိ​မည်​ဟု​ထင်မှတ်​၍ ကျမ်းစာ​ကို​စူးစမ်း​လေ့လာ​နေ​ကြ​၏။ ထို​ကျမ်းစာ​က​ပင် ငါ့​အကြောင်း​ကို သက်သေခံ​လျက်​ရှိ​၏။


ထို့ကြောင့် ဖိလိပ္ပု​သည်​ထ​၍ သွား​လေ​၏။ ထိုစဉ် အီသီယိုးပီးယား​ဘုရင်မ​ကန္ဒက်​၏​မှူးမတ်​ကြီး​ဖြစ်​ပြီး ဘုရင်မ​၏​ဘဏ္ဍာ​အားလုံး​ကို စီမံ​အုပ်ချုပ်​ရ​သော အီသီယိုးပီးယား​ပြည်သား​တစ်​ဦး​သည် ဂျေရုဆလင်​မြို့​သို့ လာရောက်​ဝတ်ပြု​ကိုးကွယ်​ပြီး


ထိုအခါ ဝိညာဉ်​တော်​သည် ဖိလိပ္ပု​အား “ထို​ရထား​အနီး​သို့​သွား​၍ ကပ်​ပြီး​လိုက်​လော့”​ဟု မိန့်​တော်မူ​၏။


ထို​မှူးမတ်​က​လည်း “အကျွန်ုပ်​အား ရှင်းပြ​ပေး​သူ​မ​ရှိ​လျှင် မည်သို့​နားလည်​နိုင်​ပါ​မည်နည်း”​ဟု ဆို​ပြီးလျှင် ဖိလိပ္ပု​အား ရထား​ပေါ်​တက်​၍ မိမိ​နှင့်အတူ​ထိုင်​ရန် ဖိတ်ခေါ်​လေ​၏။


ဖိလိပ္ပု​သည်​လည်း ရှမာရိ​နယ်​ရှိ မြို့​တစ်​မြို့​သို့​သွား​၍ လူ​တို့​အား ခရစ်တော်​အကြောင်း​ကို​ဟောပြော​လေ​၏။


သို့သော် အသင်းတော်​ထဲ၌ အခြား​သော​ဘာသာ​စကား​ဖြင့် စကား​အခွန်း​တစ်သောင်း​ပြော​ခြင်း​ထက် သူတစ်ပါး​တို့​ကို သွန်သင်​နိုင်​ရန် ငါ​၏​အသိစိတ်​ဖြင့် စကား​ငါး​ခွန်း​ပြော​ခြင်း​ကို သာ၍ ငါ​အလို​ရှိ​၏။


သို့ဖြစ်၍ မိုက်မဲ​သော​သူ​များ​မ​ဖြစ်​ကြ​ဘဲ သခင်​ဘုရား​၏​အလို​တော်​သည် မည်သည့်​အရာ​ဖြစ်​သည်​ကို နားလည်​ကြ​လော့။


ဤ​နေရာ​တွင် ဉာဏ်ပညာ​ရှိ​ရန်​လို​အပ်​၏။ ထိုးထွင်းဉာဏ်​ရှိ​သော​သူ​သည် သားရဲ​၏​ကိန်းဂဏန်း​ကို​တွက်ချက်​ပါစေ။ အကြောင်းမူကား ၎င်း​သည် လူ​တစ်​ဦး​၏​ကိန်းဂဏန်း​ဖြစ်​ပြီး ထို​ကိန်းဂဏန်း​မှာ ခြောက်ရာ​ခြောက်ဆယ့်​ခြောက်​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ