တမန်တော်ဝတ္ထု 5:30 - မြန်မာ့စံမီသမ္မာကျမ်း30 ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သစ်တိုင်ပေါ်၌ သင်တို့ဆွဲထား၍ ကွပ်မျက်ခဲ့သောယေရှုကို ထမြောက်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် သင် တို့လက်ဝါးကပ်တိုင်ပေါ်မှာတင်၍သတ်ခဲ့ သောသခင်ယေရှုအား ရှင်ပြန်ထမြောက်စေ တော်မူပြီ။- အခန်းကိုကြည့်ပါ။Garrad Bible30 သင် တို့ ကား တင်၍ ကွပ် မျက် သော ယေ ရှု ကို ငါ တို့ ဘိုး ဘေး များ၏ ဘု ရား သ ခင် ရှင် ပြန် ထ မြောက် စေ တော် မူ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible30 သင်တို့သည် သစ်တိုင်၌ဆွဲ၍ ကွပ်မျက်သောယေရှုကို ငါတို့ ဘိုးဘေးများ၏ ဘုရားသခင်သည် ထမြောက်စေတော်မူပြီ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း30 သင်တို့သစ်တိုင်ပေါ်မှာ ချိတ်ဆွဲ၍ သေဒဏ်ပေးသည့်ယေရှုကို ကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်သည် သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
ဒါဝိဒ်ကလည်း သူတို့ကိုထွက်တွေ့ပြီး “သင်တို့သည် ငါ့ကို ကူညီလို၍ ကောင်းကောင်းမွန်မွန်ရောက်လာခြင်းဖြစ်လျှင် ငါသည် သင်တို့နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်၏။ သို့သော် အမှားမပြုမိသောငါ့ကို ရန်သူတို့လက်သို့ အပ်ဖို့ သင်တို့လာခြင်းဖြစ်လျှင် ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် သင်တို့ကို စီရင်တော်မူပါစေသော”ဟု ဆို၏။