တမန်တော်ဝတ္ထု 5:24 - မြန်မာ့စံမီသမ္မာကျမ်း24 ဗိမာန်တော်အစောင့်တပ်မှူးနှင့်ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် ထိုစကားကိုကြားလျှင် ဤအမှုသည် မည်သို့ဖြစ်လိမ့်မည်နည်းဟု တမန်တော်တို့နှင့်ပတ်သက်၍ ဝေခွဲမရဖြစ်ကြလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ထိုစကားကိုကြားလျှင်ဗိမာန်တော်အစောင့် တပ်မှူးနှင့်ယဇ်ပုရောဟိတ်ကြီးတို့သည် ``ဤ အမှုကားအဘယ်သို့ဖြစ်ပါလိမ့်မည်နည်း'' ဟုတွေးတောကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible24 ထို စ ကား ကို ဗိ မာန် တော် မ ဟာ ဒါန် ဝန် နှင့် ပ ရော ဟိတ် ကြီး တို့ ကြား သော်၊ အ ဖြစ် အ ပျက် အ ကြောင်း တွေး တော လျက် နေ ကြ စဉ်၊ အခန်းကိုကြည့်ပါ။Judson Bible24 ယဇ်ပုရောဟိတ်မင်းနှင့် ဗိမာန်တော်မှူးအစရှိသော ယဇ်ပုရောဟိတ်အကြီးတို့သည် ထိုစကားကို ကြားလျှင်၊ ထိုအမှုသည် အဘယ်သို့သောအမှု ဖြစ်လိမ့်မည်နည်းဟူ၍ တွေးတောခြင်းရှိကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း24 ထိုစကားကိုကြားသောအခါ ဗိမာန်တော်တပ်မှူးနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များသည် စိတ်ရှုပ်ထွေးကာ မည်သည့်အမှုဆက်ဖြစ်လာမည်ကို တွေးတောလျက်နေကြ၏။ အခန်းကိုကြည့်ပါ။ |
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။