Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တမန်တော်ဝတ္ထု 3:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ထို​ပရောဖက်​၏​စကား​ကို နား​မ​ထောင်​သော​သူ​ရှိသမျှ​သည် လူမျိုး​တော်​ထဲမှ ဖယ်ရှား​ဖျက်ဆီး​ခြင်း​ခံရ​လိမ့်မည်’​ဟု ဆို​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ထို​ပ​ရော​ဖက်​၏​စ​ကား​ကို​မ​နာ​မ​ယူ​ဘဲ နေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ဖြစ်​မှ​လုံး​ဝ​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​လိမ့် မည်' ဟု​မိန့်​မြွက်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 မ နာ မ ယူ သူ တိုင်း လူ မျိုး တော် မှ ပယ် ရှား ခံ ရ လိမ့် မည် ဟု ဆင့် ဆို သည့် ပြင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 အ​ကြင်​သူ​သည် ထို​ပ​ရော​ဖက်၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​အံ့၊ ထို​သူ​သည် မိ​မိ​အ​မျိုး​ထဲ​က ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​မည်​ဟု​ဟော၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 ထို​ပရောဖက်​၏​စကား​ကို နားမထောင်သော​သူ​ရှိသမျှတို့​သည် လူမျိုး​ထဲမှ လုံးလုံး​ဖယ်ရှားခြင်း​ကို ခံရလိမ့်မည်’ ဟု ဟော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တမန်တော်ဝတ္ထု 3:23
15 ပူးပေါင်းရင်းမြစ်များ  

ထို​နေ့​၌ မိမိ​၏​စိတ်ဆန္ဒ​ကို​မ​ငြင်းပယ်​သော​သူ​မည်သူမဆို မိမိ​လူမျိုး​မှ ပယ်ဖျက်​ခြင်း​ခံရ​မည်​။


ယုံကြည်​၍ ဗတ္တိဇံ​ခံ​သော​သူ​သည် ကယ်တင်​ခြင်း​ခံရ​လိမ့်မည်။ မ​ယုံကြည်​သော​သူ​မူကား ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။


ငါ့​ကို​ငြင်းပယ်​၍ ငါ့​စကား​တို့​ကို​လက်​မ​ခံ​သော​သူ​အား ပြစ်ဒဏ်​စီရင်​သော​သူ​ရှိ​၏။ ငါ​ဟောပြော​ခဲ့​သည့်​တရား​စကား​က​ပင် နောက်ဆုံး​သော​နေ့​၌ ထို​သူ​ကို​ပြစ်ဒဏ်​စီရင်​လိမ့်မည်။


ထို့ကြောင့် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌​သေ​ကြ​လိမ့်မည်​ဟု ငါ​ဆို​ခဲ့​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ဖြစ်​ကြောင်း​ကို သင်​တို့​မ​ယုံကြည်​လျှင် သင်​တို့​သည် မိမိ​တို့​အပြစ်​များ​၌ သေ​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထိုအခါ ပေတရု​၏​စကား​ကို​လက်ခံ​သော​သူ​တို့​သည် ဗတ္တိဇံ​ခံ​ကြ​သဖြင့် ထို​နေ့​၌ လူ​ပေါင်း​သုံးထောင်​ခန့်မျှ​တိုးပွား​လာ​၏။


ငါ​၏​နာမ​ဖြင့် ထို​ပရောဖက် ဆင့်ဆို​သော ငါ့​စကား​များ​ကို နား​မ​ထောင်​သော​သူ​အား ငါ​စစ်ကြောစီရင်​မည်​။


သို့သော် ငါ​တို့​သည် တွန့်ဆုတ်​လျက် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​များ​မ​ဟုတ်​ဘဲ ယုံကြည်​လျက် အသက်​ကို​ပိုင်ဆိုင်​သော​သူ​များ​ဖြစ်​ကြ​၏။


သင်​တို့​သည် မိန့်​တော်မူ​သော​အရှင်​ကို မ​ငြင်းပယ်​မိ​စေရန် သတိပြု​ကြ​လော့။ အကြောင်းမူကား မြေကြီး​ပေါ်တွင် ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငြင်းပယ်​သော​သူ​တို့​သည် အပြစ်ဒဏ်​မှ​မ​လွတ်​ပါက ကောင်းကင်​ဘုံ​မှ​ဗျာဒိတ်​တော်​ပေး​သော​သူ​ကို ငါ​တို့​ငြင်းပယ်​လျှင် ပို၍​ပင် လွတ်​စရာ​အကြောင်း​မ​ရှိ။


ဤမျှလောက်​ကြီးမြတ်​သော​ကယ်တင်​ခြင်း​ကို လျစ်လျူ​ရှု​ပါက ငါ​တို့​သည် အပြစ်ဒဏ်​မှ မည်သို့​လွတ်​နိုင်​ကြ​မည်နည်း။ သခင်​ဘုရား​က ပထမ​ဦးစွာ ဟောပြော​တော်မူ​သော ဤ​ကယ်တင်​ခြင်း​တရား​သည် ကြားနာ​သော​သူ​တို့​မှတစ်ဆင့် ငါ​တို့​ထံ၌ အတည်ပြု​ခြင်း​ခံရ​၏။


အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။


အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ