Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 87:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထာဝရဘုရား​သည် လူမျိုး​တို့​ကို စာရင်းသွင်း​သောအခါ “​ဤ​သူ​သည် ထို​မြို့​၌ မွေးဖွား​၏​”​ဟု ရေးမှတ်​တော်မူ​လိမ့်မည်​။(​စေလာ)

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တို့​ကို​စာ​ရင်း ပြု​စု​တော်​မူ​လိမ့်​မည်။ ယင်း​စာ​ရင်း​တွင်​ပါ​ရှိ​သော​သူ​အ​ပေါင်း တို့​ကို ယေ​ရု​ရှ​လင်​မြို့​သား​များ​အ​ဖြစ်​ဖြင့်​ထည့်​သွင်း ရေး​မှတ်​တော်​မူ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထာ ဝ ရ ဘု ရား က၊ ဤ လူ မျိုး ကို မြို့ တော် ဖွား ဟု၊ လူ မျိုး တို့ စာ ရင်း သွင်း တော် မူ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တို့​ကို စာ​ရင်း​ယူ​တော်​မူ​သော​အ​ခါ၊ ဤ​မည်​သော​အ​မျိုး​သည် မြို့​တော်၌ ဖွား​မြင်​သော​အ​မျိုး​ဖြစ်​သည်​ဟု မှတ်​တော်​မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 87:6
11 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​အမျိုးအနွယ်​သည် ကိုယ်တော်​၏​အမှု​တော်​ကို​ဆောင်ရွက်​ကြ​ပြီး လာမည့်​မျိုးဆက်​အား ဘုရားရှင်​အကြောင်း​ကို​ပြောကြား​လိမ့်မည်​။


သူ​တို့​သည် အသက်​စာစောင်​မှ ပယ်ဖျက်​ခြင်း​ခံရ​၍ ဖြောင့်မတ်​သော​သူ​တို့​ထဲတွင် စာရင်းဝင်​ခြင်း​မ​ရှိ​ပါစေ​နှင့်​။


ဇိအုန်​တောင်​၌​ကြွင်းကျန်​သော​သူ​၊ ဂျေရုဆလင်​မြို့​၌​ကျန်ရစ်​သော​သူ စသည့် ဂျေရုဆလင်​မြို့​တွင်​အသက်ရှင်​သော​သူ​တို့​စာရင်း​၌ ရေးမှတ်​ထား​သော​သူ​အားလုံး​သည် သန့်ရှင်း​သူ​ဟု ခေါ်ဝေါ်​ခြင်း​ခံ​ကြ​ရ​လိမ့်မည်​။


သို့သော် ‘​ငါ​သည် သင့်​ကို သား​တို့​တွင် မည်သို့​နေရာပေး​ရ​မည်နည်း​။ သာယာ​သော​ပြည်​နှင့် လူမျိုး​အားလုံး​တို့​၏​လှပ​သော​အမွေ​ကို သင့်​အား မည်သို့​ပေး​ရ​မည်နည်း’​ဟု ငါ​ဆို​ခဲ့​၏​။ ‘သင်​သည် ငါ့​ကို အကျွန်ုပ်​၏​အဖ​ဟု ခေါ်ဆို​ပြီး ငါ့​ထံမှ ပြန်လှည့်​သွား​မည် မ​ဟုတ်​’​ဟု ငါ​ထင်​ခဲ့​၏​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘မဟုတ်မမှန်​သော​နိမိတ်​ကို​မြင်​၍ ဂမ္ဘီရအတတ်​ဖြင့် လိမ်ညာ​ပြောဆို​သော ပရောဖက်​တို့​ကို ငါ​ဆန့်ကျင်​မည်​။ သူ​တို့​သည် ငါ့​လူမျိုး​တော်​အစုအဝေး​ထဲတွင် မ​နေ​ရ​။ အစ္စရေး​အမျိုးအနွယ်​စာရင်း​တွင် သူ​တို့​မ​ပါဝင်​ရ​။ အစ္စရေး​ပြည်​သို့ ပြန်လာ​ရ​မည်​မ​ဟုတ်​။ သို့မှ ငါ​သည် ဘုရားရှင်​ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​လိမ့်မည်​။


ထိုအခါ ထာဝရဘုရား​က သူ့​အား “​ဂျေရုဆလင်​မြို့​လယ်ခေါင်​သို့ သွား​လော့​။ မြို့​လယ်ခေါင်​တွင် စက်ဆုပ်ရွံရှာဖွယ်​လုပ်ရပ်​များ​အတွက် ညည်းတွား​မြည်တမ်း​သူ​များ​၏​နဖူး​ကို အမှတ်အသား​ပြု​ထား​ခဲ့​လော့​”​ဟု မိန့်​တော်မူ​၏​။


သို့သော် နတ်​ဆိုး​တို့​သည် သင်​တို့​ကို​နာခံ​ကြ​သည့်​အတွက် ဝမ်းမြောက်​ခြင်း​မ​ရှိ​ကြ​နှင့်။ သင်​တို့​၏​နာမည်​များ​ကို ကောင်းကင်​၌​ရေးမှတ်​ထား​သည့်​အတွက် ဝမ်းမြောက်​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


အချင်း​စစ်မှန်​သော​ရဲဘော်ရဲဘက်၊ ထို​အမျိုးသမီး​တို့​ကို ကူညီ​မစ​ရန် သင့်​ကို​လည်း ငါ​တောင်းပန်​၏။ သူ​တို့​သည် အသက်​စာစောင်​တွင် နာမည်​ပါ​သူ​များ​ဖြစ်​ကြ​သည့် ကလေမင်​မှစ၍ အခြား​သော​ငါ​၏​လုပ်ဖော်ဆောင်ဖက်​များ​နှင့်တကွ ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​လက်တွဲ​လုပ်ဆောင်​ခဲ့​သူ​များ​ဖြစ်​ကြ​၏။


အသေ​သတ်​ခြင်း​ခံရ​သည့် သိုးသငယ်​တော်​၏​အသက်​စာစောင်​၌ ကမ္ဘာဦး​မှစ၍ အမည်​မ​ရေး​ထား​သော ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သူ​အားလုံး​တို့​သည် ထို​သားရဲ​ကို ကိုးကွယ်​ကြ​လိမ့်မည်။


အသက်​စာစောင်​၌ စာရင်း​မ​ဝင်​သော​သူ​ရှိသမျှ​တို့​သည်​လည်း မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ