ဆာလံ 80:6 - မြန်မာ့စံမီသမ္မာကျမ်း6 ကိုယ်တော်သည် အကျွန်ုပ်တို့ကို အိမ်နီးချင်းတို့အတွက် အငြင်းပွားစရာအကြောင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်တို့၏ရန်သူတို့သည်လည်း အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့၏တိုင်းပြည်ကို အိမ်နီးချင်းနိုင်ငံတို့၏စစ်မြေပြင် ဖြစ်စေတော်မူပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးတို့အား စော်ကားကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 အ ကျွန်ုပ် တို့ ကို ရန် သူ တို့ လှောင် ပြောင် ရ သည့် တိုင် အောင်၊ ပြည် နီး ချင်း တို့ ရှေ့ ဘက် ပြိုင် ရန် အ ကြောင်း ဖြစ် စေ တော် မူ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible6 အနီးအပါး၌နေသောသူတို့သည် အကျွန်ုပ်တို့အတွက် ငြင်းခုံကြပါ၏။ ရန်သူတို့သည်လည်း ဝါကြွား၍ အကျွန်ုပ်တို့ကို ပြက်ရယ်ပြုကြပါ၏။ အခန်းကိုကြည့်ပါ။ |
အို အစ္စရေးတောင်တန်း၊ ဘုရားရှင်ထာဝရဘုရား၏စကားတော်ကို နားထောင်လော့။ တောင်ကုန်းတောင်တန်းများ၊ မြစ်ချောင်းချိုင့်ဝှမ်းများ၊ လူသူကင်းမဲ့သောမြို့ပျက်များ၊ ဝန်းကျင်ရှိ အခြားတိုင်းပြည်တို့၏လုယူဖျက်ဆီးခြင်း၊ အထင်အမြင်သေးခြင်းခံရသောမြို့များအား ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။
ဤအရာတို့ကိုငါအောက်မေ့သောအခါ ငါ၏စိတ်ဝိညာဉ်သည် ငါ့အထဲ၌ယိုဖိတ်လျက်ရှိ၏။ အကြောင်းမူကား ငါသည် လူအုပ်ကြီးနှင့်အတူလျှောက်သွား၍ ပွဲတော်ကျင်းပနေသည့်ထိုလူအုပ်နှင့်အတူ ကျေးဇူးတော်ချီးမွမ်းခြင်းအသံနှင့် ရွှင်လန်းစွာကြွေးကြော်ခြင်းအသံဖြင့် ဘုရားသခင်၏အိမ်တော်သို့ တရွေ့ရွေ့သွားလေ့ရှိ၏။