ဆာလံ 63:6 - မြန်မာ့စံမီသမ္မာကျမ်း6 အကျွန်ုပ်သည် မိမိ၏အိပ်ရာပေါ်တွင် ကိုယ်တော်ကိုသတိရသောအခါ ညဥ့်ယံတို့၌ ကိုယ်တော်အကြောင်းကို ဆင်ခြင်အောက်မေ့ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ကျွန်တော်မျိုးသည်အိပ်ရာပေါ်တွင် လဲလျောင်းလျက်နေစဉ် ကိုယ်တော်ရှင်အားအောက်မေ့သတိရပါ၏။ တစ်ညဥ့်လုံးကိုယ်တော်ရှင်၏အကြောင်းကို စဉ်းစားဆင်ခြင်လျက်နေပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible6-7 အိပ် ရာ ပေါ် တွင် ကိုယ် တော် ကို သ တိ ရ သော်၊ မ စ တော် မူ သော အ ရှင် ဖြစ် တော် မူ သော ကြောင့်၊ ညဉ့် ယံ ပတ် လုံး ဆင် ခြင် လျက်၊ အ တောင် တော် အ ရိပ် တွင် ခို လှုံ ကြွေး ကြော် ပါ မည်။ အခန်းကိုကြည့်ပါ။ |
“အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။