ဆာလံ 53:2 - မြန်မာ့စံမီသမ္မာကျမ်း2 ပညာသတိရှိသောသူ၊ ဘုရားသခင်ကိုရှာသောသူ ရှိ၊ မရှိသိမြင်ရန် ဘုရားသခင်သည် လူသားတို့ကို ကောင်းကင်ဘုံမှငုံ့ကြည့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 ဘုရားသခင်သည်အသိပညာရှိသူများ၊ မိမိအား ကိုးကွယ်ဝတ်ပြုသူများရှိမရှိကိုသိမြင် နိုင်ရန် ကောင်းကင်ဘုံမှလူသားတို့အားကြည့်တော် မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 နား လည် သော သူ၊ ဘု ရား သ ခင် ကို ရှာ သော သူ ရှိ မ ရှိ ကို သိ မြင် ရန်၊ ဘု ရား သ ခင် သည် ကောင်း ကင် ဘုံ မှ လူ သား တို့ ကို ငုံ့ ကြည့် တော် မူ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible2 နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှာ ဘုရားသခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ကြည့်ရှုတော်မူ၍၊ အခန်းကိုကြည့်ပါ။ |
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။