Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 50:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အကြောင်းမူကား တော​ထဲရှိ​တိရစ္ဆာန်​ရှိသမျှ​နှင့် ထောင်​နှင့်​ချီ​သော​တောင်ကုန်း​များ​ပေါ်ရှိ တိရစ္ဆာန်​တို့​ကို ငါ​ပိုင်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည်​တော​တိ​ရစ္ဆာန် ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တောင်​ပေါင်း​များ​စွာ​သော​တောင်​ကုန်း​များ​ရှိ တိ​ရစ္ဆာန်​တို့​ကို​လည်း​ကောင်း​ပိုင်​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 တော သား ရဲ ရှိ သ မျှ နှင့်၊ တောင် အ ထောင် အ သောင်း များ ပေါ် နေ တိ ရ စ္ဆာန် များ သည်၊ ငါ ပိုင် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 တော​တိ​ရ​စ္ဆာန်​ရှိ​သ​မျှ​တို့​နှင့် တစ်​ထောင်​သော တောင်​ပေါ်​မှာ​ရှိ​သော တိ​ရ​စ္ဆာန်​တို့​သည် ငါ၏​ဥ​စ္စာ ဖြစ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 50:10
14 ပူးပေါင်းရင်းမြစ်များ  

ထာဝရအရှင်​ဘုရားသခင်​သည် တောရိုင်းတိရစ္ဆာန်​အမျိုးမျိုး​နှင့် မိုးကောင်းကင်​ငှက်​အမျိုးမျိုး​တို့​ကို မြေကြီး​ဖြင့်​ပုံဖော်ဖန်ဆင်း​ပြီးလျှင် ၎င်း​တို့​ကို လူ​က​မည်သို့​မှည့်ခေါ်​မည်​ကို သိရှိ​ရန် လူ​ထံသို့ ခေါ်ဆောင်​လာ​ခဲ့​၏​။ သက်ရှိသတ္တဝါ​တို့​သည် လူ​မှည့်ခေါ်​သည့်​အတိုင်း နာမည်​အသီးသီး​ရ​ကြ​၏​။


ထိုသို့ဖြင့် ဘုရားသခင်​သည် သင်​တို့​ဖခင်​၏​တိရစ္ဆာန်​တို့​ကို​နုတ်ယူ​၍ ငါ့​အား​ပေး​တော်မူ​ပြီ​။


သင့်​ထံ၌​ရှိ​သော သက်ရှိသတ္တဝါ​အပေါင်း​၊ သားယဉ်​သားရဲ​အပေါင်း​တည်းဟူသော ငှက်​၊ တိရစ္ဆာန်​နှင့် မြေ​ပေါ်မှာ​တွားသွား​သော တွားသွားတိရစ္ဆာန်​အပေါင်း​တို့​သည် မြေကြီး​ပေါ်မှာ များပြား​ကြ​စေရန်​လည်းကောင်း​၊ မြေကြီး​ပေါ်မှာ​မွေးဖွား​တိုးပွား​ကြ​စေရန်​လည်းကောင်း သူ​တို့​ကို သင်​နှင့်အတူ​ထုတ်ဆောင်​လော့​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် တိရစ္ဆာန်​အတွက် မြက်ပင်​ကို​လည်းကောင်း​၊ လူ​တို့​စိုက်ပျိုး​ရန်​အတွက် အပင်​ကို​လည်းကောင်း ပေါက်​စေ​တော်မူ​၍ မြေကြီး​ထဲမှ အစားအစာ​ကို​လည်းကောင်း​၊


ထာဝရဘုရား​သည် မြေကြီး​နှင့် မြေကြီး​ပေါ်၌ ရှိသမျှ​သော​အရာ​တို့​ကို​လည်းကောင်း​၊ ကမ္ဘာလောက​နှင့် ကမ္ဘာလောက​၌ နေထိုင်​သော​သူ​တို့​ကို​လည်းကောင်း ပိုင်​တော်မူ​၏​။


အရပ်ရပ်​ရှိ​လူသား​များ​၊ တောတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​ကို အရှင်မင်းကြီး​လက်​သို့ အပ်​တော်မူ​သဖြင့် အရှင်မင်းကြီး​သည် အလုံးစုံ​ကို အုပ်စိုး​ရ​ပါ​၏​။ ရုပ်တု​၏​ရွှေ​ဦးခေါင်း​သည် အရှင်မင်းကြီး​ပင် ဖြစ်​ပါ​၏​။


ငါ​သည် တိရစ္ဆာန်​အများအပြား​ကို မ​ဆို​ထား​နှင့်​၊ မိမိ​လက်ဝဲ​လက်ယာ​ကို​ပင် ခွဲခြား​မ​သိ​နိုင်​သော​လူ​တစ်သိန်းနှစ်သောင်း​ကျော်​ရှိ​သော​နိနေဝေ​မြို့​ကြီး​ကို နှမြော​သင့်​သည်​မ​ဟုတ်​လော​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ