ဆာလံ 5:4 - မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမူကား ကိုယ်တော်သည် ဆိုးယုတ်မှုကိုနှစ်သက်သောဘုရားမဟုတ်ပါ။ မကောင်းမှုပြုသောသူသည် ကိုယ်တော်နှင့်အတူနေထိုင်ခွင့်ရမည်မဟုတ်ပါ။ အခန်းကိုကြည့်ပါ။Common Language Bible4 ကိုယ်တော်သည်ဒုစရိုက်ကိုနှစ်သက်တော်မူသော ဘုရားမဟုတ်ပါ။ ရှေ့တော်၌ဆိုးယုတ်မှုကိုခွင့်ပြုတော်မမူပါ။ အခန်းကိုကြည့်ပါ။Garrad Bible4 ကိုယ် တော် သည် ဆိုး သွမ်း ခြင်း ကို နှစ် သက် တော် မူ သော ဘု ရား မ ဟုတ် ပါ။ အ ဆိုး သည် ကိုယ် တော် နှင့် အ တူ တည်း ခို ရာ မ ရ ပါ။ အခန်းကိုကြည့်ပါ။Judson Bible4 ကိုယ်တော်သည် မတရားသောအမှုကို နှစ်သက်သောဘုရား မဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် သင်တို့၏စကားများဖြင့် ထာဝရဘုရားကို ပင်ပန်းစေကြ၏။ သို့သော် သင်တို့က “ကိုယ်တော်ကို အကျွန်ုပ်တို့ မည်သို့ပင်ပန်းစေသနည်း”ဟု မေးတတ်ကြ၏။ “မကောင်းမှုကိုပြုသောသူအားလုံး ထာဝရဘုရားရှေ့တော်၌ လူကောင်းဖြစ်၏။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို နှစ်သက်တော်မူ၏”ဟု သင်တို့ဆိုရုံသာမက “တရားမျှတသောဘုရားသခင် အဘယ်မှာရှိသနည်း”ဟု သင်တို့ဆိုတတ်ကြပြီတကား။
ကိုယ်တော်သည် မကောင်းမှုများကို မမြင်ထိုက်၊ ဆိုးညစ်မှုများကို မကြည့်ထိုက်အောင် သန့်ရှင်းစင်ကြယ်သောမျက်လုံးများ ရှိတော်မူပါ၏။ သို့သော် သစ္စာမရှိသောသူတို့ကို အဘယ်ကြောင့် ကြည့်နေနိုင်ပါသနည်း။ ဆိုးယုတ်သောသူတို့က မိမိထက်ဖြောင့်မတ်သောသူတို့အား ဝါးမျိုနေသည်ကို အဘယ်ကြောင့် ဆိတ်ဆိတ်နေတော်မူပါသနည်း။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။