ဆာလံ 146:10 - မြန်မာ့စံမီသမ္မာကျမ်း10 ထာဝရဘုရားသည် အစဉ်အမြဲစိုးစံတော်မူလိမ့်မည်။ အို ဇိအုန်၊ သင်၏ဘုရားသခင်သည် ခေတ်ကာလအစဉ်အဆက် စိုးစံတော်မူလိမ့်မည်။ ဟာလေလုယ။ အခန်းကိုကြည့်ပါ။Common Language Bible10 ထာဝရဘုရားသည်ထာဝစဉ်ဘုရင် ဖြစ်တော်မူလိမ့်မည်။ အို ဇိအုန်မြို့၊သင်၏ဘုရားသည်ကာလ အစဉ်အဆက်စိုးစံတော်မူလိမ့်သတည်း။ ထာဝရဘုရားအားထောမနာပြုကြလော့။ အခန်းကိုကြည့်ပါ။Garrad Bible10 အို ဇိ အုန် မြို့၊ ထာ ဝ ရ ဘု ရား သည် ကာ လ အ စဉ်၊ သင့် ဘု ရား သ ခင် သည် လူ မျိုး အ ဆက် ဆက် စိုး စံ တော် မူ လိမ့် မည်။ ဟာ လေ လု ယ။ အခန်းကိုကြည့်ပါ။Judson Bible10 အိုဇိအုန်မြို့၊ သင်၏ဘုရားသခင်တည်းဟူသော ထာဝရဘုရားသည် ကာလအစဉ်အမြဲ ကမ္ဘာအဆက်ဆက် စိုးစံတော်မူလတ္တံ့သတည်း။ ဟာလေလုယ။ အခန်းကိုကြည့်ပါ။ |
ငါ့အာဏာစက်အောက်ရှိတိုင်းနိုင်ငံအားလုံးမှ လူအပေါင်းတို့သည် ဒံယေလ၏ဘုရားသခင်ကို ကြောက်ရွံ့ရိုသေရမည်ဟု ငါအမိန့်ထုတ်ပြန်လိုက်သည်။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရားသခင်၊ အစဉ်အမြဲတည်တော်မူသောဘုရားသခင် ဖြစ်၏။ နိုင်ငံတော်သည်လည်း မပျက်စီးနိုင်၊ အာဏာစက်သည်လည်း ထာဝရတည်တော်မူ၏။
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
ထိုရှင်ဘုရင်များအုပ်စိုးသည့်ကာလတွင်ပင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် မည်သည့်အခါမျှမပျက်စီးနိုင်မည့်နိုင်ငံတစ်ခုကို တည်ထောင်တော်မူလိမ့်မည်။ ဤနိုင်ငံသည် အခြားသူတို့လက်သို့ ရောက်ရမည်မဟုတ်။ အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှဖျက်ဆီးပစ်မည်။ ဤနိုင်ငံသည် အစဉ်အမြဲတည်လိမ့်မည်။
အို ဇိအုန်တောင်၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ မြင့်မားသောတောင်ပေါ်သို့ တက်လော့။ အို ဂျေရုဆလင်မြို့၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူ၊ သင့်အသံကို အစွမ်းကုန်လွှင့်လော့။ အသံကိုလွှင့်လော့။ မကြောက်နှင့်။ “ကြည့်ရှုလော့။ ဤသည်ကား သင်တို့၏ဘုရားသခင်ပေတည်း”ဟု ယုဒမြို့တို့အား ပြောကြားလော့။
ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ငြိမ်းချမ်းခြင်းအကြောင်းပြောကြားသောသူ၊ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူတည်းဟူသော ကယ်တင်ခြင်းအကြောင်းပြောကြားသောသူ၊ “သင်၏ဘုရားသခင်သည် စိုးစံတော်မူ၏”ဟု ဇိအုန်မြို့အားပြောသောသူ၏ခြေသည် တောင်ပေါ်တွင် အလွန်တင့်တယ်စွပါတကား။