ဆာလံ 112:6 - မြန်မာ့စံမီသမ္မာကျမ်း6 အကယ်စင်စစ် ထိုသို့သောသူသည် မည်သည့်အခါမျှတုန်လှုပ်ရလိမ့်မည်မဟုတ်။ ဖြောင့်မတ်သောသူသည် အစဉ်အမြဲ အောက်မေ့စရာဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible6 သူတော်ကောင်းသည်အဘယ်အခါ၌မျှ ဆုံးရှုံးရလိမ့်မည်မဟုတ်။ လူတို့သည်သူ့အားအဘယ်အခါ၌မျှ မေ့လျော့ကြလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible6 မည် သည့် ကာ လ မျှ မ ရွေ့ ရ ဘဲ၊ ဖြောင့် မတ် သူ့ အ ထိမ်း အ မှတ် ကာ လ အ စဉ် တည် လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 အကယ်စင်စစ် လှုပ်ရှားခြင်းနှင့် အစဉ်ကင်းလွတ်လိမ့်မည်။ ဖြောင့်မတ်သောသူသည် အစဉ်အမြဲ အောက်မေ့ဖို့ရာ ဖြစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား ဘုရားသခင်သည် သင်တို့၏လုပ်ဆောင်မှုကိုလည်းကောင်း၊ သန့်ရှင်းသူတို့ကို ယခင်က သင်တို့လုပ်ကျွေးပြုစုသကဲ့သို့ ယခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်၏နာမတော်ကိုထောက်၍ သင်တို့ပြသောချစ်ခြင်းမေတ္တာတို့ကိုလည်းကောင်း မေ့လျော့သည့်တိုင်အောင် တရားမျှတမှုကင်းမဲ့တော်မူသည်မဟုတ်။
လေဝိအမျိုးတို့ကိုလည်း ဥပုသ်နေ့သန့်ရှင်းအောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်စေပြီး မြို့တံခါးတို့တွင် သွား၍စောင့်ကြပ်ကြလော့ဟု ငါမှာကြား၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ပြုခဲ့သောအမှုအတွက် အကျွန်ုပ်ကိုအောက်မေ့တော်မူပါ။ မေတ္တာကရုဏာကြွယ်ဝသည့်အတိုင်း အကျွန်ုပ်ကို သနားတော်မူပါ။