Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 1:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ထို့နောက် သုံး​နှစ်​လွန်​ပြီးမှ ကေဖ​နှင့်​အကျွမ်းဝင်​စေရန် ဂျေရုဆလင်​မြို့​သို့​သွား​၍ သူ​နှင့်အတူ တစ်ဆယ့်ငါး​ရက်​နေ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 သုံး​နှစ်​မျှ​ကြာ​သော်​ပေ​တ​ရု​နှင့်​တွေ့​ဆုံ​ရန် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍​သူ​နှင့်​အ​တူ တစ်​ဆယ့်​ငါး​ရက်​မျှ​နေ​ထိုင်​ခဲ့​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သုံး နှစ် ကြာ ပြီး နောက် ငါ သည် ကေ ဖ နှင့် ကျွမ်း ဝင် ရန် ယေ ရု ရှ လင် မြို့ သို့ သွား၍ ဆယ့် ငါး ရက် အ တူ နေ ထိုင် ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ထို​နောက် သုံး​နှစ်​လွန်​ပြီး​မှ ပေ​တ​ရု​ကို အ​ကျွမ်း​ဝင်​လို​သော​ငှာ၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား၍ သူ​နှင့်​အ​တူ တစ်​ဆယ်​ငါး​ရက်​နေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ထို့နောက် သုံးနှစ်​ကြာ​သော် ကျွန်ုပ်​သည် ပေတရု​နှင့် အကျွမ်းဝင်​ရန် ဂျေရုဆလင်မြို့​သို့ သွား​၍ သူ​နှင့်အတူ ဆယ့်ငါးရက် နေထိုင်ခဲ့၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 1:18
8 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို ယေရှု​ထံသို့​ခေါ်ဆောင်​လာ​၏။ (မေရှိယ​၏​အဓိပ္ပာယ်​မှာ ဘိသိက်​ခံရ​သူ​ဟူ၍​ဖြစ်​၏။) ယေရှု​သည် ရှိမုန်​ကို​စူးစိုက်​ကြည့်​၍“သင်​သည် ယောဟန်​၏​သား​ရှိမုန်​ဖြစ်​၏။ သင်​သည် ကေဖ​ဟု​ခေါ်ဝေါ်​ခြင်း​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။ (ကေဖ​၏​အဓိပ္ပာယ်​မှာ ကျောက်​ဟူ၍​ဖြစ်​၏။)


သို့သော် အန္တိအုတ်​မြို့​သို့ ကေဖ​ရောက်လာ​သောအခါ သူ​၌​အပြစ်တင်​စရာ​ရှိ​သောကြောင့် ငါ​သည် သူ့​ကို မျက်နှာချင်းဆိုင်​၍ ပိတ်ပင်​တားဆီး​ရ​၏။


သို့သော် သူ​တို့​သည် ကောင်းမြတ်​သော​သတင်း​၏​သမ္မာတရား​နှင့်အညီ ဖြောင့်မတ်​စွာ​လျှောက်လှမ်း​ခြင်း​မ​ရှိ​သည်​ကို ငါ​မြင်​သောအခါ ထို​သူ​အပေါင်း​တို့​ရှေ့၌ ကေဖ​အား “ဂျူး​လူမျိုး​ဖြစ်​သော​သင်​သည် ဂျူး​လူမျိုး​ကဲ့သို့​မ​နေထိုင်​ဘဲ လူမျိုးခြား​ကဲ့သို့​နေထိုင်​သည်​ဆို​လျှင် လူမျိုးခြား​တို့​ကို ဂျူး​လူမျိုး​ကဲ့သို့​နေထိုင်​ရန် အဘယ်ကြောင့် အတင်းအကျပ်​စေခိုင်း​သနည်း”​ဟု ငါ​ဆို​၏။


သို့သော် ကောင်းမြတ်​သော​သတင်း​ကို အရေဖျား​လှီး​ထား​သော​သူ​တို့​အတွက် ပေတရု​၌​ယုံကြည်​အပ်နှံ​တော်မူ​သကဲ့သို့ အရေဖျား​မ​လှီး​သော​သူ​တို့​အတွက် ငါ​၌​ယုံကြည်​အပ်နှံ​တော်မူ​ကြောင်း​ကို သူ​တို့​တွေ့မြင်​ကြ​၏။


ဤသို့ဖြင့် မဏ္ဍိုင်​များ​ဖြစ်​သည်​ဟု မှတ်ယူ​ခြင်း​ခံရ​သော ယာကုပ်၊ ကေဖ​နှင့် ယောဟန်​တို့​သည် ငါ့​အား​ပေး​ထား​သော ကျေးဇူး​တော်​ကို​သိမြင်​၍ မိတ်ဖွဲ့​ခြင်း​လက်ယာ​လက်​ကို ငါ​နှင့်​ဗာနဗ​တို့​အား​ကမ်း​လျက် ငါ​တို့​သည် လူမျိုးခြား​တို့​ထံသို့​သွား​ရန်​နှင့် သူ​တို့​မူကား အရေဖျား​လှီး​ထား​သော​သူ​တို့​ထံသို့​သွား​ရန် သဘောတူ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ