ကောလောသဲ 1:16 - မြန်မာ့စံမီသမ္မာကျမ်း16 အကြောင်းမူကား ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း ရှိသမျှသောမြင်ရသည့်အရာနှင့်မမြင်ရသည့်အရာများ၊ ရာဇပလ္လင်များဖြစ်စေ၊ စိုးပိုင်ခွင့်များဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ သားတော်အားဖြင့် ဖန်ဆင်းခြင်းခံရ၏။ ခပ်သိမ်းသောအရာတို့သည် သားတော်အားဖြင့်လည်းကောင်း၊ သားတော်အတွက်လည်းကောင်း ဖန်ဆင်းခြင်းခံရ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 အဘယ်ကြောင့်ဆိုသော်ထိုသားတော်အားဖြင့် ဘုရားသခင်သည်ကောင်းကင်လောကရှိတန် ခိုးရှင်များနှင့် အာဏာပိုင်များအပါအဝင် ကောင်းကင်နှင့်ကမ္ဘာမြေပေါ်ရှိမျက်စိဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ ဟူသမျှကိုဖန်ဆင်းတော်မူသောကြောင့် တည်း။ ဘုရားသခင်သည်ထိုသခင်၏ အဖို့အလို့ငှါထိုသခင်အားဖြင့်စကြ ဝဠာတစ်ခုလုံးကိုဖန်ဆင်းတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 နတ် ဘု ရင် များ၊ နတ် မင်း များ၊ အုပ် စိုး ရှင် များ၊ အာ ဏာ ရှင် များ မှ စ၍ ကောင်း ကင် နှင့် မြေ ကြီး ရှိ ရူ ပ၊ အ ရူ ပ အ ရာ ခပ် သိမ်း ကို ကိုယ် တော်၌၊ ကိုယ် တော် ဖြင့်၊ ကိုယ် တော့် အ ဖို့ ဖန် ဆင်း၍ ထား တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible16 အကြောင်းမူကား၊ ထိုသားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွတ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်လည်းကောင်း၊ ထိုသခင်အဖို့ အလိုငှာလည်းကောင်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက်ဖြစ်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း16 အဘယ်ကြောင့်ဆိုသော် သားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၌ ရှိသော မျက်စိဖြင့် မြင်ရသောအရာ၊ မမြင်ရသောအရာဟူသမျှ ရာဇပလ္လင်ဖြစ်စေ၊ အုပ်စိုးပိုင်ခွင့်ဖြစ်စေ၊ အုပ်ချုပ်မှုများဖြစ်စေ၊ အာဏာစက်များဖြစ်စေ အရာအားလုံးတို့ကို ဖန်ဆင်းတော်မူသောကြောင့် ဖြစ်၏။ အရာအားလုံးသည် ထိုသားတော်အတွက်လည်းကောင်း၊ ထိုသားတော်အားဖြင့်လည်းကောင်း ဖန်ဆင်းခံကြရ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့အတွက်မူကား ခမည်းတော်တည်းဟူသော ဘုရားသခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ကိုယ်တော်ထံမှဖြစ်လာပြီး ငါတို့သည် ကိုယ်တော်၌တည်ကြ၏။ ထို့ပြင် ငါတို့အတွက် ယေရှုခရစ်တော်တည်းဟူသော သခင်တစ်ပါးတည်းသာရှိ၍ အရာခပ်သိမ်းတို့သည် ထိုသခင်အားဖြင့်ဖြစ်လာပြီး ငါတို့သည် ထိုသခင်၌တည်ကြ၏။
အကြောင်းမူကား ခပ်သိမ်းသောအရာတို့၏အကြောင်းခံနှင့် ခပ်သိမ်းသောအရာတို့၏အရင်းအမြစ်ဖြစ်တော်မူသောဘုရားသခင်သည် များစွာသောသားတို့ကို ဘုန်းအသရေတော်ထဲသို့ခေါ်ဆောင်လာရာ၌ သူတို့၏ကယ်တင်ခြင်းကိုအစပြုဖြစ်တည်စေသောအရှင်အား ဒုက္ခဝေဒနာအားဖြင့် စုံလင်စေတော်မူသည်မှာ သင့်လျော်ပေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြီးမြတ်တော်မူပါ၏။ အစွမ်းတန်ခိုး၊ ဘုန်းတော်၊ ဂုဏ်တော်နှင့်ပြည့်စုံပါ၏။ ခန့်ညားထည်ဝါပါ၏။ ကောင်းကင်နှင့် မြေကြီးပေါ်ရှိအရာအားလုံးကို ပိုင်သတော်မူပါ၏။ နိုင်ငံတော်သည် ထာဝရဘုရားပိုင်တော်မူရာဖြစ်ပါ၏။ ကိုယ်တော်သည် အရာခပ်သိမ်း၏ဦးခေါင်းထက်တွင် ချီးမြှောက်ခြင်းခံရသောအရှင် ဖြစ်တော်မူပါ၏။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။