ကမ္ဘာဦး 9:15 - မြန်မာ့စံမီသမ္မာကျမ်း15 ငါနှင့်သင်တို့ကြား၌လည်းကောင်း၊ သက်ရှိသတ္တဝါအပေါင်းတို့ကြား၌လည်းကောင်း၊ ငါပြုသောပဋိညာဉ်ကိုအောက်မေ့သဖြင့် သတ္တဝါအပေါင်းတို့ကိုဖျက်ဆီးမည့် ရေလွှမ်းမိုးခြင်း ဖြစ်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible15 သက်ရှိသတ္တဝါအပေါင်းတို့ကိုနောက်တစ်ဖန်ရေလွှမ်းမိုးခြင်းဘေးဒဏ်ဖြင့် မသေကြေမပျက်စီးရဟုသင်တို့နှင့်တကွတိရစ္ဆာန်အပေါင်းတို့အားငါထားသောကတိကိုသတိရမည်။- အခန်းကိုကြည့်ပါ။Garrad Bible15 သင် တို့ မှ စ၍ သက် ရှိ သ တ္တ ဝါ အ မျိုး မျိုး တို့ က တစ် ဘက်၊ ငါ ပြု သော ပ ဋိ ညာဥ် ကို ငါ အောက် မေ့ သ ဖြင့် ခပ် သိမ်း သော သ တ္တ ဝါ တို့ ကို ဖျက် ဆီး ရန် တစ် ဖန် ရေ သည် လွှမ်း မိုး သော ဘေး မ ဖြစ် စေ ရ။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုအခါငါတစ်ဖက်၊ သင်တို့မှစ၍၊ အသက်ရှင်သောသတ္တဝါ၊ တိရစ္ဆာန်ရှိသမျှတို့ တစ်ဖက်၌ရှိသော၊ ငါ၏ပဋိညာဉ်ကိုငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသောသတ္တဝါတို့ကို ဖျက်ဆီးခြင်းငှာ၊ နောက်တစ်ဖန် ရေလွှမ်းမိုးခြင်းမရှိရ။ အခန်းကိုကြည့်ပါ။ |
ဤသည်ကား ငါတို့၏ဘိုးဘေးများအပေါ် ကရုဏာတော်ကိုပြသတော်မူရန်နှင့် ငါတို့ကို ရန်သူတို့လက်မှကယ်နုတ်၍ အသက်ရှင်သမျှကာလပတ်လုံး ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့တော်၌ သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်းတို့ဖြင့် ကိုယ်တော်ကို ဝတ်ပြုရသောအခွင့်ပေးမည်ဟု ငါတို့အဖအာဗြဟံအား တိုင်တည်၍မိန့်တော်မူသည့် ကတိသစ္စာတည်းဟူသော ကိုယ်တော်၏သန့်ရှင်းသောပဋိညာဉ်ကို အောက်မေ့တော်မူရန်ဖြစ်၏။
အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် ကြီးမြတ်သော၊ တန်ခိုးနှင့်ပြည့်စုံသော၊ ကြောက်ရွံ့ရိုသေဖွယ်သော၊ ပဋိညာဉ်နှင့် မေတ္တာကရုဏာတော်ကိုစောင့်ထိန်းတော်မူသောဘုရား ဖြစ်တော်မူပါ၏။ အဆီးရီးယားဘုရင်တို့လက်ထက်မှစ၍ ယနေ့ထိတိုင် အကျွန်ုပ်တို့၏ရှင်ဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ဘိုးဘေးများနှင့် ကိုယ်တော်၏လူမျိုးတော်အပေါင်းတို့ကြုံတွေ့ခဲ့ရသောအခက်အခဲအလုံးစုံတို့ကို ဘာမျှမဟုတ်ဟု မှတ်တော်မမူပါနှင့်။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။