ကမ္ဘာဦး 39:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထာဝရဘုရားသည် ယောသပ်နှင့်အတူရှိတော်မူသောကြောင့် ယောသပ်ဆောင်ရွက်သမျှသောအမှုတို့ကို ထောင်မှူးသည် ကြည့်ရှုစရာမလိုပေ။ ထာဝရဘုရားသည် ယောသပ်ပြုလေရာရာ၌ အောင်မြင်စေတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible23 ထာဝရဘုရားသည်ယောသပ်နှင့်အတူရှိ၍ သူတာဝန်ယူဆောင်ရွက်သမျှတို့၌အောင်မြင် စေတော်မူသောကြောင့် ထောင်မှူးသည်ယောသပ် အားတာဝန်များကိုစိတ်ချယုံကြည်စွာ လွှဲအပ်လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible23 ထာ ဝ ရ ဘု ရား လည်း ယော သပ် နှင့် အ တူ ရှိ၍ သူ ပြု လေ သ မျှ အ ထ မြောက် စေ တော် မူ သော ကြောင့် သူ့ လက် ရှိ ကိ စ္စ ဟူ သ မျှ ကို ထောင် ပိုင် သည် မ ကြည့် မ ရှု ဘဲ နေ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible23 ထိုနောက်ထောင်မှူးသည် ထောင်အမှုကိုကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အကြောင်းမူကား၊ ထာဝရဘုရားသည်ယောသပ်ဘက်မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။