Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 30:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ရာခေလ​၏​ကျွန်မ​ဗိလဟာ​သည် နောက်တစ်ဖန်​ကိုယ်ဝန်ဆောင်​၍ ယာကုပ်​အတွက် ဒုတိယ​သား​ကို မွေးဖွား​ပေး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 တစ်​ဖန်​ဗိ​လ​ဟာ​သည်​ယာ​ကုပ်​နှင့်​ဒု​တိ​ယ​သား ကို​ရ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 တစ် ဖန် ရာ ခေ လ ကျွန် မိန်း မ ဗိ လ ဟာ သည် ယာ ကုပ် ဖြင့် သ န္ဓေ ရ ပြန်၍ ဒု တိ ယ သား ယောက်ျား ကို ဖွား မြင် သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 တစ်​ဖန် ရာ​ခေ​လ၏​ကျွန်​မ​ဗိ​လ​ဟာ​သည် ပ​ဋိ​သ​န္ဓေ​ယူ​ပြန်၍၊ ယာ​ကုပ်​အား နှစ်​ကြိမ်​မြောက်​သော​သား​ကို​ဖွား​မြင်​သည်​ရှိ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 30:7
6 ပူးပေါင်းရင်းမြစ်များ  

ရာခေလ​က “​ဘုရားသခင်​သည် ငါ့​ကို​တရားသဖြင့်စီရင်​ပေး​တော်မူ​ပြီ​။ ငါ​၏​တောင်းလျှောက်သံ​ကို​နားညောင်း​၍ ငါ့​အား သား​ကို​ပေးသနား​တော်မူ​ပြီ​”​ဟု ဆို​၏​။ ထို့ကြောင့် ထို​သား​၏​အမည်​ကို ဒန် ဟု​မှည့်ခေါ်​လေ​၏​။


ထိုအခါ ရာခေလ​က “​ငါ​သည် ငါ့​အစ်မ​နှင့် အကြိတ်အနယ်​နပန်းလုံး​၍ နိုင်​ခဲ့​ပြီ​”​ဟု ဆို​လျက် ထို​သား​၏​အမည်​ကို နဿလိ ဟု​မှည့်ခေါ်​လေ​၏​။


နဿလိ​၏​သား​များ​မှာ ယာဇေလ​၊ ဂုနိ​၊ ယေဇာ​၊ ရှိလင် တို့​ဖြစ်​ကြ​၏​။


ဤ​သူ​တို့​ကား လာဗန်​က မိမိ​သမီး​ရာခေလ​အား​လက်ဖွဲ့​အဖြစ်​ပေး​သော ဗိလဟာ​၏​သား​များ​ဖြစ်​ကြ​၏​။ ဗိလဟာ​သည် ယာကုပ်​အတွက် ဤ​သား​တို့​ကို​မွေးဖွား​ပေး​၍ စုစုပေါင်း​ခုနစ်​ယောက်​ရှိ​၏​။


အာရှာ​နယ်နိမိတ်​နှင့်​ကပ်​လျက် အရှေ့ဘက်​မှ အနောက်ဘက်​တစ်လျှောက်​သည် နဿလိ​အမျိုး​၏​ဝေစု​ဖြစ်​ရ​မည်​။


နဿလိ​၏​သားမြေး​တို့​တွင် သူ​တို့​၏​မျိုးနွယ်စု​များ​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက်​၊ သူ​တို့​၏​ဆွေစဉ်မျိုးဆက် အမည်​စာရင်း​အလိုက် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက် စစ်မှုထမ်း​နိုင်​သော​သူ​အားလုံး​၏​အရေအတွက်​မှာ


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ