ကမ္ဘာဦး 3:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ထာဝရအရှင်ဘုရားသခင်က မြွေအား “သင် ဤသို့ပြုသောကြောင့် တိရစ္ဆာန်အယဉ်နှင့် တိရစ္ဆာန်အရိုင်းအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဗိုက်ဖြင့်တွားသွား၍ အသက်ရှင်သမျှကာလပတ်လုံး မြေမှုန့်ကိုစားရမည်။ အခန်းကိုကြည့်ပါ။Common Language Bible14 ထိုအခါထာဝရအရှင်ဘုရားသခင်က မြွေအား``သင်သည် ဤသို့ပြုလုပ်သည့်အတွက် ဒဏ်ခံရမည်။ တိရစ္ဆာန်အပေါင်းတို့တွင်သင်သာ လျှင် ဤကျိန်စာသင့်မည်။ ယခုမှစ၍သင် သည်ဝမ်းဗိုက်ဖြင့်တွားသွားလျက် မြေမှုန့်ကို တစ်သက်လုံးစားရမည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ထို အ ခါ မြွေ အား ထာ၀ ရ ဘု ရား သ ခင် က၊ ဤ အ မှု ကို ပြု သော ကြောင့် သား ယဉ် သား ရဲ အ ပေါင်း တို့ အ နက် သင် သည် အမင်္ဂ လာ ကို ခံ ရ လျက် တစ် သက် လုံး ၀မ်း ဖြင့် တွား ၍ မြေ မုန့် ကို စား ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible14 ထာဝရအရှင်ဘုရားသခင်သည် မြွေကိုခေါ်၍ သင်သည် ဤအမှုကိုပြုသောကြောင့်၊ သားယဉ်သားရဲအပေါင်းတို့ထက် ကျိန်ခြင်းကိုခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တစ်သက်လုံးစားရမည်။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။