ကမ္ဘာဦး 24:13 - မြန်မာ့စံမီသမ္မာကျမ်း13 ကြည့်ရှုလော့။ အကျွန်ုပ်သည် စမ်းရေတွင်းနားမှာရပ်လျက်နေပါ၏။ ဤမြို့သမီးပျိုတို့သည် ရေခပ်ရန် ထွက်လာကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible13 အကျွန်ုပ်သည်မြို့တွင်းမှမိန်းမပျိုများရေ ခပ်လာမည့်ရေတွင်းနားသို့ရောက်ရှိနေပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible13 ဤ စမ်း ရေ တွင်း အ နီး အ ကျွန်ုပ် ရပ် နေ၍ ထို မြို့ သား တို့၏ သ မီး ပျို များ သည် ရေ ခပ် လာ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible13 အကျွန်ုပ်သည်၊ ဤရေတွင်းနားမှာရပ်နေ၍၊ ထိုမြို့သူသတို့သမီးတို့သည်၊ ရေခပ်ခြင်းငှာလာကြသည်တွင်၊ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်သည် မိန်းကလေးတစ်ဦးအား ‘သင်၏ရေအိုးကိုချ၍ အကျွန်ုပ်အားရေသောက်ခွင့်ပေးပါ’ဟု ဆိုသောအခါ သူက ‘သောက်ပါ။ သင်၏ကုလားအုတ်တို့ကိုလည်း ကျွန်မရေတိုက်ပေးပါမည်’ဟု ဆိုလျှင် ထိုသူသည် ကိုယ်တော်၏အစေအပါးဣဇက်အတွက် ကိုယ်တော်ရွေးချယ်ထားသောသူဖြစ်ပါစေသော။ ဤသို့အားဖြင့် ကိုယ်တော်သည် အကျွန်ုပ်၏သခင်အား မေတ္တာကရုဏာပြတော်မူကြောင်း အကျွန်ုပ်သိရပါလိမ့်မည်”ဟု ဆုတောင်းလေ၏။