ကမ္ဘာဦး 18:28 - မြန်မာ့စံမီသမ္မာကျမ်း28 ဖြောင့်မတ်သောသူ အယောက်ငါးဆယ်တွင် ငါးယောက်လျော့လျှင် ငါးယောက်လျော့သည့်အတွက်ကြောင့် ထိုမြို့တစ်မြို့လုံးကို ဖျက်ဆီးတော်မူမည်လော”ဟု မေးလျှောက်လျှင် ကိုယ်တော်က “ထိုအရပ်တွင် လေးဆယ့်ငါးယောက်တွေ့လျှင် ငါမဖျက်ဆီးဘဲနေမည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible28 သို့သော်အပြစ်မဲ့သူငါးဆယ်အစားလေး ဆယ့်ငါးယောက်မျှရှိကောင်းရှိပါမည်။ ထို ကဲ့သို့ငါးယောက်လိုသောကြောင့် ကိုယ်တော် သည်တစ်မြို့လုံးကိုဖျက်ဆီးပစ်မည်လော'' ဟုမေးလျှောက်လေ၏။ ထာဝရဘုရားက``အပြစ်မဲ့သူလေးဆယ် ငါးယောက်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ဆို ခဲ့ သော သူ တော် ကောင်း ငါး ဆယ် အ နက် အ ကယ် ၍ ငါး ယောက် လျော့ လျှင် ထို ငါး ယောက် လျော့ သော ကြောင့် တစ် မြို့ လုံး ကို ဖျက် ဆီး တော် မူ မည် လော ဟု မေး လျှောက် ပြန် သော် ထို မြို့ တွင် လေး ဆယ့် ငါး ယောက် ကို တွေ့ ရ လျှင် ငါ ဖျက် ဆီး မည် မ ဟုတ် ဟု မိန့် တော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ဖြောင့်မတ်သောသူငါးဆယ်တို့တွင် ငါးယောက်မပြည့်လျှင်၊ ထိုငါးယောက်မပြည့်သောအတွက်ကြောင့်၊ ထိုမြို့လုံးကို ဖျက်ဆီးတော်မူမည်လောဟု မေးလျှောက်ပြန်သော်၊ ထိုမြို့၌လေးဆယ့်ငါးယောက်ကိုငါတွေ့လျှင်၊ ငါမဖျက်ဆီးဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |