ကမ္ဘာဦး 17:9 - မြန်မာ့စံမီသမ္မာကျမ်း9 တစ်ဖန် ဘုရားသခင်က အာဗြဟံအား “သင်မူကား သင်မှစ၍ နောင်လာမည့် သင်၏သားစဉ်မြေးဆက်တို့သည် မျိုးဆက်အစဉ်အဆက် ငါ၏ပဋိညာဉ်ကို စောင့်ထိန်းရမည်။ အခန်းကိုကြည့်ပါ။Common Language Bible9 တစ်ဖန်ဘုရားသခင်က``သင်နှင့်တကွသင် ၏အမျိုးအနွယ်အစဉ်အဆက်တို့ကလည်း ငါ၏ပဋိညာဉ်ကိုစောင့်ထိန်းရကြမည်။- အခန်းကိုကြည့်ပါ။Garrad Bible9 တစ် ဖန် ဘု ရား သ ခင် က သင် နှင့် တ ကွ သင် မှ ဆင်း သက် သော အ မျိုး အ နွယ် အ စဥ် အ ဆက် တို့ သည် ငါ့ ပဋိ ညာဉ် ကို စောင့် ရှောက် ကြ ရ မည်။ အခန်းကိုကြည့်ပါ။Judson Bible9 တစ်ဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ်ကို စောင့်ရှောက်ရကြမည်။ အခန်းကိုကြည့်ပါ။ |
ထိုအခါ အာဗြဟံသည် မိမိသားဣရှမေလမှစ၍ မိမိအိမ်၌မွေးဖွားသောသူများ၊ မိမိငွေဖြင့်ဝယ်ထားသောသူများစသည့် အာဗြဟံ၏အိမ်သူအိမ်သားများထဲမှ ယောက်ျားအားလုံးကိုခေါ်၍ မိမိအား ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ထိုနေ့၌ပင် သူတို့၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းမင်္ဂလာကို ပေးလေ၏။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။