Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 9:44 - TPV-RV (Thamma Pitakadaw)

44 ကိုယ်တော်ယေရှု၏ ဆောင်ရွက်ခြင်းကို လူတိုင်းအံ့ဩ နေကြစဉ် ကိုယ်တော်သည် သူ၏တပည့်တော်များအား “ကိုယ်တော် သင်တို့အားပြောပြနေသည်များကို ဂရုတစိုက် အာရုံစိုက်ပေးကြပါ။'လူ့သားတော်'ကိုသူ၏ရန်သူများလက်ထဲသို့အပ်ကြတော့မည်”

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 9:44
26 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်ကသူ၏တပည့်တော်များအား “အမျိုးသား ခေါင်းဆောင်များဘာသာရေးဂိုဏ်းချုပ်ကြီးများနှင့်မောရှေကျမ်းတတ်ပညာရှင်တို့သည်'လူ့သားတော်'အားညှင်းပန်း နှိပ်စက်ကြလိမ့်မည်။သူတို့သည်သူ့ကိုငြင်းပယ်ကြပြီးသတ် ကြလိမ့်မည်။သို့သော်သုံးရက်မြောက်နေ့၌သူသည်ရှင်ပြန်ထမြောက်ပါလိမ့်မည်"ဟု မိန့်တော်မူလိုက်သည်။


မာရိမူကား ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးတို့ကို အောက်မေ့သတိရလျှက် ထိုအရာတို့သည် မည်ကဲ့သို့အဓိပ္ပါယ်ရှိသည်ကို ထပ်ခါထပ်ခါ တွေးတောနေခဲ့လေ၏။


ကိုယ်တော်က‘မောရှေပညတ်နဲ့ ပရောဖတ်တို့၏ စာ အုပ်များ၊ဆာလံကျမ်းများမှာ ကိုယ်တော့်အကြောင်း ဖော်ပြ ထားသည့်အတိုင်း အမှန်ဖြစ်လာလိမ့်မည်။ ဟု သင်တို့အား ပြောပြခဲ့သည့် အကြောင်းများမှာယခု အဖြစ်အပျက်များ ပင်ဖြစ်သည်။


ယေရုရှလင်သို့ သွားသောခရီးတွင် ကိုယ်တော်က တပည့်တော် တစ်ဆယ့်နှစ်ယောက်လုံးကို အနားသို့လာ စေ၍ “ယခု ကိုယ်တော်တို့ဟာယေရုရှလင်ကို သွားတဲ့လမ်း မှာဖြစ်နေတယ်။ ပရောဖက်တွေ“လူ့သားတော်”အကြောင်း ကို ရေးသားထားခဲ့သလို အရာရာတိုင်းဟာ ဒီအတိုင်း ဖြစ် လာမယ်။


ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


ထိုသတင်းတို့ကို ကြားသိကြရသောသူအပေါင်းတို့ကလည်း “ဤကလေးငယ်ကြီးပြင်းလာသောအခါ မည်ကဲ့သို့သောသူ ဖြစ်မည်နည်း” ဟုသူတို့၏စိတ်နှလုံးထဲတွင် တီးတိုးပြောဆိုနေကြလေ၏။ အကြောင်းမူကား ဘုရားရှင်၏တန်ခိုးတော်သည်လည်း ကလေးငယ်နှင့် အတူရှိနေသောကြောင့်ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ