Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 9:11 - TPV-RV (Thamma Pitakadaw)

11 သို့ရာတွင် များစွာသောလူတို့ သည် ကိုယ်တော်ကိုလိုက်ရှာပြီး ကိုယ်တော့်နောက်သို့ လိုက်လာခဲ့ကြရာ ကိုယ်တော်လည်း သူတို့အားကြိုဆိုရ လေတော့သည်။ ကိုယ်တော်က ဘုရားရှင်၏သာသနာ တော် အကြောင်းရှင်းလင်းဟောကြားပြီး ရောဂါသည်တို့ကို လည်း ပျောက်ကင်းစေတော်မူလေသည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 9:11
21 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်သူတို့အားဘုရားရှင်၏သာသနာပြု ရန်နှင့် အနာရောဂါကုသရန် စေလွှတ်လိုက်လေသည်။


ထိုအခါ ကိုယ်တော်က “ဘုရားရှင်က သင်တို့အား သာသနာတော်၏လျှို့ဝှက်နက်နဲသော အကြောင်းအရာများကို ကြားသိနိုင်သောအခွင့်ကို ပေးအပ်ထားပြီးဖြစ်၏။ သို့သော် အခြားသူတို့မှာမူကား ကြည့်သော်လည်း မမြင်၊ ကြားသော်လည်း နားမလည်နိုင်ကြသည့်အတွက် သူတို့အား ဤကဲ့သို့ပုံဥပမာများဖြင့် ရှင်းပြရခြင်းဖြစ်၏” ဟုမိန့်ဆိုလေ၏။


အချိန်အတန်ကြာပြီးနောက် ကိုယ်တော်ယေရှုသည် သာဝကတစ်ဆယ့်နှစ်ဦးနှင့်အတူ မြို့ရွာအနှံ့သို့ သွားရောက်ကာ ဘုရားရှင်၏သာသနာတော်အကြောင်းနှင့်ဆိုင်သော မင်္ဂလာသတင်းကောင်းကို ဟောပြောသွန်သင်လေ၏။


ကိုယ်တော်က သူတို့ကို ဖြေကြားသည်မှာ “ကျန်းမာသူသည် ဆေးဆရာကို လိုမည်မဟုတ်။ နာမကျန်းသူသာ ဆေးဆရာကို လိုအပ်၏။


သူသည် ဆာလောင်ငတ်မွတ်နေသောသူတို့ကို သူတို့လိုအပ်သည့်အရာတို့ဖြင့် ကျေနပ်နှစ်သိမ့်စေ၍ ကြွယ်ဝချမ်းသာသောသူတို့ကိုမူကား လက်ချည်းဗလာ စေလွှတ်တော်မူ၏။


တပည့်တော်များ ခရီးမှ ပြန်လာကြသောအခါ ကိုယ်တော်ယေရှုအား သူတို့ ဆောင်ရွက်ခဲ့သည်များကို လျှောက်တင်ကြလေသည်။ ထို့နောက်ကိုယ်တော်သည် တပည့်တော်တို့ကို သူနှင့်အတူ ခေါ်ဆောင်သွားပြီး ဗက်ဇဲဒရွာသို့ သွားခဲ့လေသည်။ ထိုနေရာတွင် သူတို့သာ သီးသန့်ရှိနေလေသည်။


မွန်းတည့် ချိန်ကျော်လာပြီဖြစ်၍ တပည့်တော်တစ်ဆယ့်နှစ်ယောက် သည် ကိုယ်တော်ထံသို့ရောက်ရှိလာပြီး"ဒီလူအုပ် ကြီးကို အနီးအနား တစ်ဝိုက်မှာရှိသောရွာနှင့် လယ်ကွင်းသို့စေ လွှတ်လိုက်ပါ။ သူတို့မှာတည်းခိုရန်နှင့် အစားအသောက် များလိုအပ်ပါသည်။ဒီနေရာမှာ ဘာမှမရှိပါဘူး ဒီအရပ်ဟာ ကန္တရကဲ့သို့ဖြစ်နေပါသည်"ဟု လျှောက်တင်ကြလေသည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ