Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 8:37 - TPV-RV (Thamma Pitakadaw)

37 ထိုအခါ ဂါရစမြို့ဝန်းကျင်မှ လာသောလူတိုင်းသည် အလွန်ကြောက်ရွံ့သွားကြသဖြင့် ကိုယ်တော်အား ထိုအရပ်မှ ထွက်ခွာသွားပါရန် တောင်းဆိုကြသောကြောင့် ကိုယ်တော်လည်း တပည့်တော်များနှင့်အတူ လှေဖြင့် ထိုအရပ်မှထွက်ခွာလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 8:37
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်က တပည့်တော်တို့အား “သင်တို့စကားကို နားထောင်သူသည် ငါ့စကားကိုနား ထောင်သူဖြစ်သည်။ သင်တို့ကိုလက်မခံသူသည် ငါ့ကို လက်မခံသူဖြစ်ပြီး ငါ့ကိုလက်မခံသူသည် ငါ့ကိုစေလွှတ် လိုက်သူကိုလည်း လက်မခံသူများသာ ဖြစ်သည်။


သူတို့သည် အခြားရွာတစ်ရွာသို့ ထွက်ခွာ သွားကြလေသည်။


အကယ်၍သင်တို့အား မကြို ဆိုသောအိမ် သို့မဟုတ် မြို့တို့အား ထိုမြို့မှထွက်ခွာသော အခါ သတိပေးသိအနေဖြင့် သင်တို့၏ ခြေထောက်ကဖုန်ကို ခါပြီး သတိပေးလိုက်ပါ” ဟု မိန့်တော်မူသည်။


ထိုသူသည် ကိုယ်တော့်ကို မြင်တွေ့သောအခါ ရှေ့တွင် ကျိုးနွံစွာ ဒူးထောက်လိုက်ပြီး ကျယ်လောင်သောအသံဖြင့် “ဘုရားရှင်၏သားတော်ယေရှု၊ ကျွန်ုပ်ထံမှ မည်သည်ကိုအလိုရှိပါသနည်း။ အကျွန်ုပ်ကို နှိပ်စက်ခြင်းမပြုပါရန် ကိုယ်တော်ကို အကျွန်ုပ်တောင်းပန်ပါ၏” ဟုအော်ဟစ်၍လျှောက်တင်လေ၏။


ဤအဖြစ်အပျက်ကို မြင်တွေ့သောအခါ ရှိမုန်ပေတရုsသည် ကိုယ်တော်ယေရှု၏ခြေရင်း၌ ဒူးထောက်ရှိခိုးကာ “ကိုယ်တော်၊ အကျွန်ုပ်သည် အပြစ်ဒုစရိုက်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ကို စွန့်ခွာသွားတော်မူပါ” ဟုလျှောက်တင်လေ၏။


ထိုအဖြစ်အပျက်တို့ကို ကိုယ်တိုင်မြင်လိုက်ရသူတို့က မကောင်းဆိုးဝါးပူးကပ်ခြင်းမှ ထိုသူ မည်ကဲ့သို့ ကယ်တင်ခံရပုံကို ပြောပြကြ၏။


ထိုအခါ မကောင်းဆိုးဝါး ပူးကပ်ခံရခြင်းမှ လွတ်မြောက်သွားသူသည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါခွင့်ပြုရန် လျှောက်ထားတောင်းပန်လေရာ ကိုယ်တော်က ထိုသူအား လိုက်ပါခွင့်မပြုဘဲ သူ့အား


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ