Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 8:15 - TPV-RV (Thamma Pitakadaw)

15 ကောင်းမွန်သောမြေဆီလွှာတွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအချိန်တွင် သူတို့၏ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး၌ မြဲမြံစွာသိမ်းဆည်း၍ လိုက်နာကျင့်သုံးကြသည့်အတွက် အသီးအနှံများ အဆတစ်ရာမျှ ဖြစ်ထွန်းကြသောအပင်များကဲ့သို့ဖြစ်လာကြပြီး ဘုရားရှင်နှစ်သက်တော်မူသောသူများဖြစ်လာကြ၏” ဟုမိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 8:15
40 ပူးပေါင်းရင်းမြစ်များ  

ထိုနည်းတူစွာ ကောင်းသောသူ၌ ကောင်းမွန်သောအတွေးများသာရှိသဖြင့် သူသည် ကောင်းသောစကားကိုသာဆို၏။ မကောင်းသောသူသည်ကား သူ၏စိတ်၌ မကောင်းသောအတွေးများသာရှိသဖြင့် မကောင်းသောအမှုအရာများကိုသာ ပြုတတ်၏။ ထို့ကြောင့် လူ၏ပြောဆိုသောစကားသည် သူ၏စိတ်နှလုံးရှိအတွေးအခေါ်များကို ဖော်ပြနေ၏” ဟုမိန့်တော်မူ၏။


ထိုအခါကိုယ်တော်က“ဤစကားဟာမှန်ပါ၏။ သို့သော်ဘုရားရှင်၏ မင်္ဂလာတရားတော်မြတ်ကို နာကြားရသူများသည်သာ အမှန်ပင် ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာကို ခံစား ရတာဖြစ်တယ်”ဟုမိန့်တော်မူလိုက်လေသည်။


ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။


တဖန် ကိုယ်တော်က “မီးအိမ်ကို မီးထွန်းညှိ၍ တောင်းနှင့်အုပ်ထားသောသူ သို့မဟုတ် အိပ်ကုတင်အောက်တွင် ဝှက်ထားသောသူဟူ၍ မရှိ။ ဝင်လာသောသူများ အလင်းရောင်ရစေရန် မီးအိမ်ကို မီးတိုင်ပေါ်တွင်သာ ချိတ်ဆွဲထားလေ့ရှိသည်မဟုတ်လော။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ