Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 8:14 - TPV-RV (Thamma Pitakadaw)

14 ဆူးချုံပင်များအောက်ကို ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာကြရသော်လည်း လောကီနှင့်ဆိုင်သောစိုးရိမ်ပူပန်ခြင်းများ၊ စည်းစိမ်ကြွယ်ဝခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတို့ဖြင့် ကာဆီးပိတ်ဆို့ခံရသဖြင့် အသီးအနှံမဖြစ်ထွန်းကြပေ။ ထိုသို့အသီးအနှံမဖြစ်ထွန်းသောအပင်သည် လယ်သမားအတွက် အသုံးမဝင်သကဲ့သို့ ထိုသူတို့သည်လည်း ဘုရားရှင်အတွက် အသုံးမဝင်သောသူများဖြစ်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 8:14
17 ပူးပေါင်းရင်းမြစ်များ  

“စားလိုက်သောက်လိုက်၊ ဘဝအတွက်ပူပင်လိုက်နှင့် သင့်၏အချိန်များမကုန်ဆုံးပါစေနှင့်။


အချို့သောမျိုးစေ့မှာမူ ဆူးချုံပင်များအောက်ကို ကျသဖြင့် အပင်များပေါက်လာသော်လည်း ဆူးချုံပင်များ၏ကာဆီးပိတ်ဆို့ထားခြင်းကို ခံရသဖြင့် သီးနှံဖြစ်ထွန်းခြင်းမရှိကြပေ။


သင် တို့ဟာ သခင်နှစ်ပါးရဲ့အစေခံကို မည်သူမှတစ်ပြိုင်တည်း လုပ်၍မရ။သခင်တစ်ယောက်အား ပိုပြီးချစ်ရမည်။ သင်တို့ သည်တစ်ပြိုင်တည်းမှာပင် ဘုရားရှင်၏အစေခံနှင့်ငွေကြေး စည်းစိမ်၏အစေခံ လုပ်၍မရ။”ဟု မိန့်တော်မူလေသည်။


ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ဝမ်းမြောက်ဝမ်းသာခံယူကြသော်လည်း သူတို့၏စိတ်နှလုံးတွင် တည်မြဲခြင်းမရှိဘဲ အချိန်ခဏတာမျှသာ ယုံကြည်လက်ခံကြပြီး ဘဝသက်တမ်း၌ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ထိုသူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းရပ်တန့်သွားတတ်ကြသူများဖြစ်ကြ၏။


ကောင်းမွန်သောမြေဆီလွှာတွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအချိန်တွင် သူတို့၏ဖြောင့်မတ်စင်ကြယ်သောစိတ်နှလုံး၌ မြဲမြံစွာသိမ်းဆည်း၍ လိုက်နာကျင့်သုံးကြသည့်အတွက် အသီးအနှံများ အဆတစ်ရာမျှ ဖြစ်ထွန်းကြသောအပင်များကဲ့သို့ဖြစ်လာကြပြီး ဘုရားရှင်နှစ်သက်တော်မူသောသူများဖြစ်လာကြ၏” ဟုမိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ