Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 7:27 - TPV-RV (Thamma Pitakadaw)

27 အကြောင်းမူကား ရှေးယခင်ကအရိယာသူတော်စင်တစ်ပါးက ယောဟန်၏အကြောင်းကို ရေးသားထားသည်မှာ ‘ဘုရားရှင်သည် မေရှိယအား ဤသို့မိန့်ဆိုတော်မူ၏။ ၎င်းမှာ “သင့်ကို မစေလွှတ်မီ ငါသည် ငါ၏စေတမန်ကို အလျင်ဦးစွာစေလွှတ်မည်။ သူသည် သင်၏လမ်းစဉ်ကို ပြင်ဆင်ပေးလိမ့်မည်” ဟူ၍ဖြစ်၏။’

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 7:27
10 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ဇာခရိသည် သူ၏ကလေးငယ်အား “ငါ၏သားငယ်၊ သင့်ကို အမြင့်မြတ်ဆုံးသောဘုရားရှင်၏အရိယာသူတော်စင်ဟု ခေါ်ဝေါ်ချီးမြှင့်ကြလိမ့်မည်ဖြစ်ပြီး သင်သည် အရှင်သခင်၏ရှေ့ကသွား၍ သူ၏လမ်းကို ကြိုတင်ပြင်ဆင်ပေးရမည့်သူလည်း ဖြစ်ပေလိမ့်မည်။


ဤသို့ဆိုလျှင် မည်သို့သောပုဂ္ဂိုလ်မျိုးကို မြင်လို၍ သင်တို့လာကြသနည်း။ ယောဟန်သည် အရိယာသူတော်စင်တစ်ပါးဖြစ်သောကြောင့် သင်တို့သည် သူ့ကိုမြင်လိုကြသလော။ မှန်ပေ၏။ သို့သော် သင်တို့အား ငါဆိုသည်ကား ယောဟန်သည် သာမန်အရိယာသူတော်စင်တစ်ပါးထက်သာ၍ ကြီးမြတ်ပေ၏။


ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ယောဟန်ထက်ကြီးမြတ်သောသူမရှိ။ သို့သော်ငြား ဘုရားရှင်၏သာသနာတော်ထဲ၌ အရေးမပါဆုံးသောသူသည်ပင် သူ့ထက် ကြီးမြတ်ပေ၏” ဟုမိန့်တော်မူလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ