Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 7:26 - TPV-RV (Thamma Pitakadaw)

26 ဤသို့ဆိုလျှင် မည်သို့သောပုဂ္ဂိုလ်မျိုးကို မြင်လို၍ သင်တို့လာကြသနည်း။ ယောဟန်သည် အရိယာသူတော်စင်တစ်ပါးဖြစ်သောကြောင့် သင်တို့သည် သူ့ကိုမြင်လိုကြသလော။ မှန်ပေ၏။ သို့သော် သင်တို့အား ငါဆိုသည်ကား ယောဟန်သည် သာမန်အရိယာသူတော်စင်တစ်ပါးထက်သာ၍ ကြီးမြတ်ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 7:26
8 ပူးပေါင်းရင်းမြစ်များ  

လူတစ် ယောက်ယောက်က ပေးတယ်ဆိုရင် ပရိသတ်တွေက ဒို့ကိုခဲနဲ့ပေါက်လို့ ဒို့သေရလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့က ယောဟန်ကို ပရောဖက်တစ်ပါးလို့ ယုံကြည်နေ လို့ပဲ။” ဟု တစ်ယောက်နှင့်တစ်ယောက် ပြောဆိုတိုင်ပင် နေကြလေသည်။


ထို့နောက် ဇာခရိသည် သူ၏ကလေးငယ်အား “ငါ၏သားငယ်၊ သင့်ကို အမြင့်မြတ်ဆုံးသောဘုရားရှင်၏အရိယာသူတော်စင်ဟု ခေါ်ဝေါ်ချီးမြှင့်ကြလိမ့်မည်ဖြစ်ပြီး သင်သည် အရှင်သခင်၏ရှေ့ကသွား၍ သူ၏လမ်းကို ကြိုတင်ပြင်ဆင်ပေးရမည့်သူလည်း ဖြစ်ပေလိမ့်မည်။


ရေနှစ် မင်္ဂလာဆရာယောဟန် ခေတ်မတိုင်မီထိ လူတို့သည် မောရှေကျမ်းများနှင့် ပရောဖက်တို့၏ ကျမ်းစာအုပ် ကြီးများအတိုင်း လိုက်နာခဲ့ကြရသည်။ သို့သော်လည်း ဘုရားရှင်၏သာသနာတော်ရောက်ရှိလာသည့် အခါတွင်မူ လူအများသည် သာသနာတော်ထဲသို့ ဝင်ရောက်ရန် ကြိုးစားလာကြသည်။


သို့ဖြစ်လျှင် မည်သည့်အရာကို မြင်လို၍ ထိုအရပ်သို့လာကြသနည်း။ ဝတ်ကောင်းစားလှဝတ်ထားသည့် တစ်စုံတစ်ဦးကို မြင်လိုသလော။ ထိုသို့မဟုတ်။ ဝတ်ကောင်းစားလှဝတ်၍ စည်းစိမ်ခံစားနေကြသောသူများကို ဘုရင်၏နန်းတော်တွင်သာ မြင်နိုင်၏။


အကြောင်းမူကား ရှေးယခင်ကအရိယာသူတော်စင်တစ်ပါးက ယောဟန်၏အကြောင်းကို ရေးသားထားသည်မှာ ‘ဘုရားရှင်သည် မေရှိယအား ဤသို့မိန့်ဆိုတော်မူ၏။ ၎င်းမှာ “သင့်ကို မစေလွှတ်မီ ငါသည် ငါ၏စေတမန်ကို အလျင်ဦးစွာစေလွှတ်မည်။ သူသည် သင်၏လမ်းစဉ်ကို ပြင်ဆင်ပေးလိမ့်မည်” ဟူ၍ဖြစ်၏။’


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ