Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 6:47 - TPV-RV (Thamma Pitakadaw)

47 ငါ့ထံလာ၍ ငါ့စကားကို ကြားနာ၍ လိုက်နာကျင့်သုံးသောသူသည် မည်သူနှင့်တူသည်ကို သင်တို့အား ငါပြောပြမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 6:47
30 ပူးပေါင်းရင်းမြစ်များ  

ထိုအခါကိုယ်တော်က“ဤစကားဟာမှန်ပါ၏။ သို့သော်ဘုရားရှင်၏ မင်္ဂလာတရားတော်မြတ်ကို နာကြားရသူများသည်သာ အမှန်ပင် ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာကို ခံစား ရတာဖြစ်တယ်”ဟုမိန့်တော်မူလိုက်လေသည်။


“သင်တို့ဟာ သင့်မိဘ၊ သား၊ မယား၊ ညီ အစ်ကိုမောင်နှမတွေထက်ငါ့အားပို၍မေတ္တာမထားနိုင်လျှင် ငါ၏တပည့်တော်မဖြစ်ထိုက်။ ထိုထက်မက သင့်အသက် ထက်ပို၍ ငါ့အားမေတ္တာမထားနိုင်လျှင်လည်း ငါ၏တပည့် တော်မဖြစ်ထိုက်။


ကျောက်ခံမြေပေါ်တွင်ကျသောမျိုးစေ့ဆိုသည်မှာ ဘုရားရှင်၏နှုတ်ကပတ်တော်များကို ကြားနာရသောအခါ၌ ဝမ်းမြောက်ဝမ်းသာခံယူကြသော်လည်း သူတို့၏စိတ်နှလုံးတွင် တည်မြဲခြင်းမရှိဘဲ အချိန်ခဏတာမျှသာ ယုံကြည်လက်ခံကြပြီး ဘဝသက်တမ်း၌ ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အချိန်တွင် ထိုသူတို့၏ယုံကြည်ခြင်းသည် ချက်ချင်းရပ်တန့်သွားတတ်ကြသူများဖြစ်ကြ၏။


အချို့သောမျိုးစေ့တို့မှာမူကား ကောင်းမွန်သောမြေဆီလွှာပေါ်တွင် ကျသဖြင့် အပင်များပေါက်လာကာ သီးနှံများအဆတစ်ရာမျှ ဖြစ်ထွန်းတတ်ကြ၏” ဟုမိန့်တော်မူလေ၏။ ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “နားရှိ၍ ကြားနာနိုင်သောသူတို့၊ အာရုံစိုက်၍ နားထောင်ကြလော့” ဟု ကြွေးကြော်တော်မူ၏။


ထိုသူသည် မြေကိုနက်စွာတူး၍ ကျောက်ခံမြေပေါ်မှာ အိမ်ဆောက်သောသူနှင့်တူ၏။ ထို့နောက် ရေလွှမ်းမိုး၍ လှိုင်းလုံးများ ရိုက်ခတ်သော်လည်း ထိုအိမ်သည် ကောင်းမွန်သောအုတ်မြစ်ချထားသဖြင့် ပြိုလဲခြင်းမရှိဘဲ ကြံ့ကြံ့ခံနိုင်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ