Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 4:23 - TPV-RV (Thamma Pitakadaw)

23 ထိုအခါ ကိုယ်တော်က “သင်တို့သည် ငါ့အား ‘ဆေးဆရာ၊ မိမိကိုယ်ကို ကုသလော့’ ဟုဆိုသည့် ဆိုရိုးစကားအတိုင်း ‘ကပေရနောင်မြို့၌ သင်ပြုခဲ့သည်ဟု အကျွန်ုပ်တို့ကြားရသည့်အမှုအရာများကို သင်၏နေရင်းမြို့ဖြစ်သော ဤအရပ်၌လည်း ပြုပါလော့’ ဟု ဧကန်မုချ ဆိုကြလိမ့်မည်” ဟုမိန့်ဆိုပြီးနောက်

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 4:23
20 ပူးပေါင်းရင်းမြစ်များ  

သင်၏ကြီးလေးသောအမှားများကို ဖြေရှင်းခြင်းမပြုရသေးဘဲ သင်၏မိတ်ဆွေအား ‘မိတ်ဆွေ၊ သင်၏သေးငယ်သောအမှားများကို အကျွန်ုပ်ပြုပြင်ပေးပါရစေ’ ဟုဆိုခြင်းသည် မှား၏။ ထိုသို့ပြုလျှင် သင်သည် သူတော်ကောင်းယောင်ဆောင်သောသူဖြစ်လိမ့်မည်။ ဦးစွာပထမ သင်၏အမှားများကို ပြင်ဆင်သင့်၏။ ပြီးမှသာ သင့်မိတ်ဆွေ၏သေးငယ်သောအမှားများကို ပြင်ဆင်ရန် သင်ကူညီပေးနိုင်လိမ့်မည်ဖြစ်၏” ဟုမိန့်တော်မူ၏။


ထို့နောက် ကိုယ်တော်ယေရှုသည် သူကြီးပြင်းရာအရပ်ဖြစ်သော နာဇရက်မြို့သို့ ပြန်လာ၏။ တစ်ခုသော ဥပုသ်နေ့တွင် ကိုယ်တော်သည် ဓမ္မာရုံသို့ သွားနေကျအတိုင်း သွားရောက်ပြီး ထိုနေရာတွင် သူသည် ကျမ်းစာဖတ်ရန် မတ်တပ်ရပ်လေ၏။


ထို့နောက် မာရိနှင့် ယောသပ်တို့သည် ဘုရားရှင်၏ ပညတ်တော်များကိုကျေပွန်စွာ ဆောင်ရွက်ပြီးနောက် သူတို့၏နေရပ်မြို့ဖြစ်သော ဂါလိလဲပြည်ရှိ နာဇရက်မြို့သို့ ပြန်ခဲ့ကြ၏။


ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


ထို့နောက် ကိုယ်တော်သည် ဂါလိလဲပြည်ရှိ ကပေရနောင်မြို့သို့ သွားရောက်ပြီး ဥပုသ်နေ့၌ ဓမ္မာရုံတွင် ဟောပြောသွန်သင်တော်မူ၏။


ထိုအခါ ကိုယ်တော်က မကောင်းဆိုးဝါးအား ဆုံးမလျက် “တိတ်လော့၊ သူ့အထဲမှ ထွက်သွားလော့” ဟုအမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် မကောင်းဆိုးဝါးသည် ထိုလူအား လူများအလယ်တွင် မြေပြင်ပေါ်သို့ လှဲချလိုက်ပြီး မနာကျင်စေဘဲ ထွက်ခွာသွားလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ