Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 2:14 - TPV-RV (Thamma Pitakadaw)

14 “ရွှေမြို့တော်၌ ရှိတော်မူသော ဘုရားရှင်ကို ဘုန်းကြီးတော်မူစေသတည်း။ ဤကမ္ဘာမြေပေါ်ရှိ ဘုရားရှင်အား ဆည်းကပ်သော လူအားလုံးအပေါ်၌လည်း ငြိမ်းချမ်းသာယာခြင်းရှိစေသတည်း” ဟုဆိုကြလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 2:14
36 ပူးပေါင်းရင်းမြစ်များ  

“ဘုရားရှင်၏ ဘွဲ့နာမတော်နှင့် ကြွရောက်လာသောဘုရင်သည် မင်္ဂလာရှိပါ၏။နိဗ္ဗာန်ရွှေမြို့ တော်၌ငြိမ်းချမ်းပါစေ။ဘုရားရှင်၏ဘုန်းတန်ခိုးတော်ထွန်းလင်းပါစေ။”ဟု အော်ဟစ်ကြွေးကြော်ကြလေသည်။


ကောင်းကင်မှ မိုးသောက်အရုဏ်ဦးနေမင်းသည် အမှောင်ထုကို ဖယ်ရှားသကဲ့သို့ ဘုရားရှင်ထံတော်မှ လာသည့် ကယ်တင်ရှင်မေရှိယအရှင်သည်လည်း ဘုရားရှင်ကို မသိမမြင်ကြသူများနှင့် သေခြင်းတရားကို ကြောက်ရွံ့ကြသူများကို ကူညီမစဖို့ရန် ကြွရောက်လာပါလိမ့်မည်ဖြစ်ပြီး သူသည် အားလုံးသောသူတို့အား ငြိမ်းချမ်းသာယာသည့်လမ်းသို့ ဦးဆောင်လမ်းပြပေးတော်မူပါလိမ့်မည်” ဟုဆိုလေ၏။


ဉာဏ်အလင်းတော်သည် ချိုးငှက်အသွင်ဖြင့် ကိုယ်တော်အပေါ်သို့ ဆင်းသက်လာလေသည်။ ကောင်းကင်မှအသံတော်သည်လည်း ‌“သင်သည် ငါချစ်မြတ်နိုးတော်မူသော ငါ၏သားဖြစ်သည်။ ငါသည် သင့်အား လွန်စွာနှစ်သက်အားရတော်မူ၏” ဟူ၍ထွက်ပေါ်လေ၏။


ထိုချက်ချင်းတွင် ထိုနတ်ဒေဝါနှင့်အတူ ရွှေမြို့တော်မှ နတ်ဒေဝါများစွာတို့သည်လည်း ပေါ်လာ၍ ဘုရားရှင်ကို ချီးမွမ်းကာ


ထို့နောက် နတ်ဒေဝါတို့ ရွှေမြို့တော်သို့ ပြန်သွားပြီးနောက် သိုးကျောင်းသားတို့သည် “ငါတို့အား ဘုရားရှင်ဟောကြားတော်မူသောအရာကိုကြည့်ရှုရန် ဗက်လင်မြို့သို့ သွားကြအံ့” ဟုအချင်းချင်းပြောဆိုကြလေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ