Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




Luke 1:66 - TPV-RV (Thamma Pitakadaw)

66 ထိုသတင်းတို့ကို ကြားသိကြရသောသူအပေါင်းတို့ကလည်း “ဤကလေးငယ်ကြီးပြင်းလာသောအခါ မည်ကဲ့သို့သောသူ ဖြစ်မည်နည်း” ဟုသူတို့၏စိတ်နှလုံးထဲတွင် တီးတိုးပြောဆိုနေကြလေ၏။ အကြောင်းမူကား ဘုရားရှင်၏တန်ခိုးတော်သည်လည်း ကလေးငယ်နှင့် အတူရှိနေသောကြောင့်ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




Luke 1:66
16 ပူးပေါင်းရင်းမြစ်များ  

ထိုနောက် ကလေးငယ်ယေရှုသည် မာရိနှင့် ယောသပ်တို့နှင့်အတူ နာဇရက်မြို့သို့ ပြန်ကြပြီး သူတို့စကားကို နာခံလျက်နေတော်မူ၏။ သို့သော် သူ၏မိခင်သည် ဤအကြောင်းအရာ အလုံးစုံတို့ကို သူမ၏စိတ်နှလုံး၌ တွေးတော၍နေလေ၏။


မာရိမူကား ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာအားလုံးတို့ကို အောက်မေ့သတိရလျှက် ထိုအရာတို့သည် မည်ကဲ့သို့အဓိပ္ပါယ်ရှိသည်ကို ထပ်ခါထပ်ခါ တွေးတောနေခဲ့လေ၏။


ကိုယ်တော်ယေရှု၏ ဆောင်ရွက်ခြင်းကို လူတိုင်းအံ့ဩ နေကြစဉ် ကိုယ်တော်သည် သူ၏တပည့်တော်များအား “ကိုယ်တော် သင်တို့အားပြောပြနေသည်များကို ဂရုတစိုက် အာရုံစိုက်ပေးကြပါ။'လူ့သားတော်'ကိုသူ၏ရန်သူများလက်ထဲသို့အပ်ကြတော့မည်”


ထို့့နောက်တွင် ကလေးငယ်သည်လည်း ကြီးပြင်းလာ၍ ကြံ့ခိုင်သန်စွမ်း၍ ဉာဏ်ပညာပြည့်စုံကာ ဘုရားရှင်၏ကောင်းကြီးပေးခြင်းကို ခံစားရလေ၏။


ယခုအခါ၌ ယောဟန်သည်လည်း အရွယ်ရောက်လာပြီး အကျင့်သီလနှင့်ပြည့်စုံသူဖြစ်လာပြီးနောက် ဘုရားရှင်သည် သူ့အား အစ္စရေးလူမျိုးတို့ရှေ့၌ အမှုတော်ကို စတင်ဆောင်ရွက်စေလိုသော နေ့ရက်မတိုင်မီအထိ သူသည် တောကန္တာရထဲတွင် ကျင်လည်နေခဲ့လေသည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ