တိတု 3:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား2 ဇာသူ့ကိုမျှ ကဲ့ရဲ့ပြောဆိုခြင်းကို မပြုဘဲ လူအပေါင်းရို့အား ယဉ်ကျေးသိမ်မွိ့စွာ ပြုမူလျက် ထောက်ထားညှာတာ၍ အီးချမ်းစွာ နီထိုင်ကြရန် မိမိလူတိအား တိုက်တွန်းပြောဆိုလော့။ အခန်းကိုကြည့်ပါ။ |
သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကို လည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကို လည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။
သို့သော် အထက်အရပ်မှ လာသော ဉာဏ်ပညာသည် သန့်ယှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော အရာအားလုံးတွင် ပထမဖြစ်၏၊ ထို့နောက် ငြိမ်းချမ်းသောသဘော၊ ထောက်ထားညှာတာတတ်သောသဘော၊ နူးညံ့သိမ်မွိ့သောသဘော ဟိသည်ဖြစ်၍ ကရုဏာနှင့် ပြည့်ဝကာ ကောင်းမြတ်သော လုပ်ဆောင်မှု၏ အသီးအပွင့်ကို တိုးပွားစီတတ်၏။ ထိုဉာဏ်ပညာ၌ မျက်နှာလိုက်ခြင်း၊ ဟန်ဆောင်ခြင်းဟူ၍ မဟိပေ။
ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်ပြောဆိုခြင်း မပြုကတ်ကေ့။ မိမိ၏ညီအစ်ကိုကို ပုတ်ခတ်ပြောဆိုသောသူဖြစ်စီ၊ မိမိညီအစ်ကိုကို စီရင်သောသူဖြစ်စီ ထိုသူသည် ပညတ်တရားကို ဆန့်ကျင်ပြောဆို၍ ထိုပညတ်တော်ကို တရားစီရင်သောသူ ဖြစ်၏။ ထိုသို့ ပညတ်တော်ကို တရားစီရင်သော သင်သည် ပညတ်တရားကို လိုက်နာသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။