14 ငါရို့၏လူများသည်လည်း အမှန်အကန် လိုအပ်မှုများကို ထောက်ပံ့ပီးရန်အတွက် မိမိရို့ကိုယ်တိုင် ကောင်းသောအမှု၌ ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
ကိုယ်တော်သည် လမ်းဘေးမှာ သဖန်းပင်တစ်ပင်ကို မြင်၍ လားကြည့်တော်မူ၏၊ သို့ရာတွင် အရွက်များသာဟိပြီး အသီးတစ်လုံးမျှ မတွိ့သဖြင့် ကိုယ်တော်က “ဤအပင်သည် နောက်တစ်ခါမျှ အသီးမသီးပါစီကေ့” ဟု မိန့်တော်မူလိုက်သည်နှင့် သဖန်းပင်သည် ချက်ချင်း ခြောက်သွိ့လားလေ၏။
ကောင်းသောအသီးကို မသီးသော ဇာအပင်ကိုမဆို ခွတ်၍ မီးထဲသို့ ချပစ်ကြ၏။
သင်ရို့သည် ငါ့ကို ရွီးကောက်ကြသည် မဟုတ်။ သင်ရို့သည် လား၍ တည်ကြည်သော အသီးတိကို သီး၍ ပွားများစီခြင်းငှာ ငါသည် သင်ရို့ကို ရွီးကောက်၍ ခန့်ထားခြင်း ဖြစ်၏။ သို့ဖြစ်၍ ငါ၏နာမ၌ တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
သင်ရို့သည် များစွာသောအသီးကို သီးခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားသောသူများ ဖြစ်ကြ၏။ ထိုသို့အားဖြင့် သင်ရို့သည် ငါ့တပည့် အမှန် ဖြစ်ကြ၏။
အကြောင်းမူကား သူသည် တဲရှင်လုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိမိ၏အသက်မွီးဝမ်းကျောင်းအတွက် ဝင်ငွီရှာသူဖြစ်၍ အလုပ်ချင်း တူသောကြောင့် သူရို့နှင့်အတူ နီထိုင်ကာ အလုပ်လုပ်လေ၏။
သင်ရို့အား ငါ ပြသခသည့်အတိုင်း ခပ်သိမ်းသောအရာ၌ အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီး အားနည်းသောသူရို့ကို ကူညီမစ ကြလော့။ အသျှင်ယေသျှုကိုယ်တိုင် ပြောခသော ‘ပီးကမ်းခြင်းသည် ရယူခြင်းထက် သာ၍ မင်္ဂလာဟိ၏’ ဟူသော စကားကို အောက်မိ့ကြလော့” ဟု ဆို၏။
မိမိရို့၏ ဥစ္စာပစ္စည်းများကို လိုအပ်သောခရစ်ယာန်ညီအစ်ကိုများကို ဝီမျှကြလော့။ အာဂန္တုဝတ်ကို ကျေပွန်စွာ ပြုကြလော့။
သို့ဖြစ်၍ ငါသည် ဆောင်ရွက်စရာကိစ္စတိကို ဆောင်ရွက်ပြီးနောက် ကောက်ခံ၍ ရသမျှသော အလှူငွီတိကို ထိုသူရို့အား ပီးအပ်ရန် စပါနိပြည်သို့ လားမည်။ လမ်းကြုံသည်ဖြစ်၍ သင်ရို့ပါးသို့လည်း ဝင်ရောက်လည်ပတ်လိမ့်မည်။
ခိုးဝှက်ဖူးသူသည် နောက်တဖန် မခိုးမဝှက်ဘဲ ဆင်းရဲသောသူရို့အား ပီးကမ်းနိုင်ရန် မိမိ လက်ဖြင့် ကောင်းသောအလုပ်ကို ကြိုးစားလုပ်ကိုင်ကြလော့။
ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
သက်သာလောနိတ်မြို့တွင် ဟိစဉ်အခါက ငါ လိုအပ်သောအကူအညီကို သင်ရို့သည် တစ်ကြိမ်တစ်ခါမက ပီးခကြ၏။
ဤသို့ဆိုသော် ငါသည် အလှူခံလိုသောကြောင့် မဟုတ်။ သင်ရို့၏စာရင်း၌ အမြတ်တိုးလာစီခြင်းငှာ ငါ အလိုဟိ၏။
သို့မှသာ အစဉ်မလပ် သခင်ဘုရား နှစ်သက်စီရန်နှင့် အလိုတော်အတိုင်း အသက်ရှင်နိုင်ကြစီရန် သင်ရို့ ပြုမူကျင့်ကြံ နိုင်ကြလိမ့်မည်။ ထိုသို့ပြုမူကျင့်ကြံခြင်းအားဖြင့် သင်ရို့သည် ကောင်းမြတ်သည့် အကျင့်အမျိုးမျိုးတည်းဟူသော အသီးများကိုသီးကာ ဘုရားသခင်ကို သိကျွမ်းခြင်း၌ တိုးပွားလာလိမ့်မည်။
ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ ကြိုးပမ်းအားထုတ်မှုနှင့် ပင်ပန်းခက်ခဲမှုများကို သင်ရို့သည် အမှန်ပင် မှတ်မိကြ၏။ ငါရို့သည် သင်ရို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စီရန် နိ့ရော၊ ညပါ အလုပ်လုပ်လျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား ဟောပြောကြ၏။
ငါရို့သည် အဖိုးအခမပီးဘဲ ဇာသူ၏ အထောက်ပံ့ကိုမျှ အလကားမယူခကတ်။ သင်ရို့ တစ်ဦးတစ်ယောက်ကိုမျှ ငါရို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီရန် ငါရို့သည် အလုပ်ကို ပင်ပန်းစွာ နိ့ညမပြတ် လုပ်ကိုင်ခ၏။
အပြစ်တင်ခြင်းနှင့် ကင်းသည့် မှန်သောစကားကိုသာ ပြောဆိုလော့။ သို့မှသာလျှင် သင်အား ဆန့်ကျင်ဘက်ပြုသောသူသည် ငါရို့နှင့်ပတ်သက်၍ မကောင်းသောစကား တစ်ခွန်းကိုမျှ မပြောနိုင်ကြဘဲ အရှက်ရကြလိမ့်မည်။
ဤစကားသည် မှန်သောစကား ဖြစ်၏။ သို့ဖြစ်၍ ဘုရားသခင်ကို ယုံကြည်အားကိုး သောသူရို့သည် မိမိရို့ကိုယ်တိုင် ကောင်းသောအမှုများကို လုပ်ဆောင်ကြရန် အမြဲ ဂရုစိုက်ကြရမည့်အကြောင်း ငါသည် သင့်အား ဤအရာများကို အလေးအနက် ထားစီလို၏။ ဤအရာများသည်ကား လူတိုင်းအတွက် အလွန်ကောင်းမြတ်၍ အကျိုးဟိပေ၏။
ထိုပါရမီများသည် သင်ရို့၌ ကြွယ်ဝစွာဟိနိန်လျှင် ငါရို့၏အသျှင် ယေသျှုခရစ်တော်ကို သိကျွမ်းခြင်း၌ သင်ရို့သည် အကျိုးမဟိ ဖြစ်ကြလိမ့်မည်မဟုတ်။