ထိုနည်းတူ ငယ်ရွယ်သောသူရို့၊ အသက်ကြီးသောသူရို့၏ စကားကို နားထောင်ကြလော့။ သင်ရို့အားလုံးသည် နှိမ့်ချခြင်း တန်ဆာကိုဆင်လျက် တစ်ဦးကိုတစ်ဦး အလုပ်အကျွေး ပြုကြရမည်။ ဇာကြောင့်ဆိုသော် ကျမ်းစာတော်၌ “ဘုရားသခင်သည် မာနကြီးသောသူကို ဆီးတားတော်မူ၍ စိတ်နှိမ့်ချသောသူကိုမူကား ကျေးဇူးပြုတော်မူ၏” ဟု ဖော်ပြထား၏။