Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တိတု 2:12 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

12 ဘုရားမဲ့ တရားမဲ့ နီထိုင်ခြင်းနှင့် လောကီတပ်မက်ခြင်းများကို စွန့်ပယ်၍ ယခုမျက်မှောက်ကာလ၌ ဣန္ဒြေသိက္ခာဟိစွာဖြင့် ဖြောင့်မတ်မှန်ကန်ပြီး ဘုရားဝတ်၌ ပျော်မွိ့သော အသက်တာဖြင့် အသက်ရှင်ကြရန်လည်းကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တိတု 2:12
59 ပူးပေါင်းရင်းမြစ်များ  

ဇာသူမဆို လူသားကို ဆန့်ကျင်ပြောဆိုမိသောသူသည် အပြစ်မှ ခွင့်ရွှတ်ခြင်း ရနိုင်၏။ သို့ရာတွင် သန့်ယှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူတိုင်းသည် ယခုဘဝ၊ နောင်ဘဝ အပြစ်မှ ခွင့်ရွှတ်ခြင်း မရနိုင်။


ထို့နောက် ယေသျှုသည် တပည့်တော်ရို့အား “ဇာသူမဆို ငါနှင့်အတူ လိုက်ချင်လျှင် မိမိကိုယ်ကို ငြင်းပယ်ရမည်၊ မိမိ၏လက်ဝါးကပ်တိုင်ကို ထမ်း၍ လိုက်ကြရမည်။


ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသူနှစ်ဦးမှာ ဘုရားသခင်၏ ရှိ့တော်မှောက်တွင် သူတော်ကောင်းဖြစ်ပြီးလျှင် သခင်ဘုရား၏ ပညတ်တော်ဟိသမျှနှင့် မိန့်တော်မူချက်အားလုံးကို လိုက်နာကြ၏။


ယင်းအတွက်ကြောင့် အကျွန်ရို့လည်း ကိုယ်တော်၏ မျက်မှောက်တော်၌ သန့်ယှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့် တစ်သက်လုံး ရှင်သန်ဖို့ဖြစ်၏။


လောကကို အုပ်ချုပ်သူသည် လာနိန်သောကြောင့် ငါသည် သင်ရို့နှင့် အချိန်အကြာကြီး စကားမပြောနိုင်ယာ။ သူသည် ငါ့ကို မည်သို့မျှ မပြုနိုင်။


လူအပေါင်းရို့သည် အိုင်တစ်ဖက် ကမ်း၌ ယေသျှုကို တွိ့မြင်ကြသောအခါ သူရို့က “ဆရာ၊ ဇာအချိန်ကပင် ဤအရပ်သို့ ကြွလာတော်မူသနည်း” ဟု မိန်းလျှောက်ကြ၏။


သို့ဖြစ်၍ အကျွန်သည် ဘုရားရှိ့၊ လူရှိ့၌ မိမိ၏ အသိစိတ်ကို ကြည်လင်စီခြင်းငှာ အစဉ်အမြဲ အကောင်းဆုံး လုပ်ဆောင်လျက်ဟိပါ၏။


သို့သော် ပေါလုသည် ကောင်းမြတ်ခြင်းတရားကို လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းတရားကို လည်းကောင်း၊ နောင်ဖြစ်လာမည့် တရားစီရင်ရာနိ့ အကြောင်းကို လည်းကောင်း ဟောပြောရာတွင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍ ပေါလုအား “အဂု သင်လားလော့၊ ငါ အဆင်ပြေသောအခါ ပြန်ခေါ်လိုက်မည်” ဟု ဆိုလေ၏။


သင်ရို့သည် လောကီသားတိ ပိုင်ယှောင် အသက်မရှင်ကတ်ကေ့။ သင်ရို့၏ အတွင်းစိတ်သဘော အပြည့်အဝ ပြောင်းလဲစီခြင်းငှာ ဘုရားသခင်ကို အခွင့်ပီးကြလော့။ သို့မှသာ ဇာအရာကား ကောင်းမြတ်၏၊ ဇာအရာကို ဘုရားသခင် နှစ်သက်၏၊ ဇာအရာသည် စုံလင်သောအရာဖြစ်၏ ဟူသော ဘုရားသခင်၏အလိုတော်ကို သင်ရို့ သိနိုင်ကြလိမ့်မည်။


ထို့ကြောင့် သင်ရို့သည် သင်ရို့၏ ဇာတိခန္ဓာအလို နောက်သို့ လိုက်ပါကြရသည့်တိုင်အောင်၊ သီတတ်သောသင်ရို့၏ဇာတိခန္ဓာ၌ အပြစ်တရားကို အုပ်စိုးခွင့် မပီးကတ်ကေ့။


ဤသို့ ငါဆိုသော်၊ သင်ရို့၏ဇာတိခန္ဓာသည် ဉာဏ်နည်းသောကြောင့်၊ လောကီစကားအားဖြင့် ပြောဆိုခြင်းဖြစ်၏။ သင်ရို့သည် မိမိ ကိုယ်အင်္ဂါတိကို ညစ်ညူးသောအမှု မတရားသောအမှု၌ ကျွန်ခံဖူးကြသည့်နည်းတူ ယခုတွင် သန့်ယှင်းခြင်းသို့ ရောက်စီခြင်းငှာ သင်ရို့၏ ကိုယ်အင်္ဂါတိကို ဖြောင့်မတ်ခြင်းတရား၏ကျွန် ဖြစ်စီကြလော့။


အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။


ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။


ချစ်သော မိတ်ဆွီရို့၊ ဤကတိတော် အားလုံးသည် ငါရို့အတွက်ပင် ဖြစ်၏။ ထို့ကြောင့် ငါရို့သည် မိမိကိုယ်ကို ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ညစ်ညူးခြင်း အပေါင်းမှ ကင်းစင်စီ၍ ဘုရားသခင်ကို ကြောက်ရွံ့ရိုသီခြင်းအားဖြင့် သန့်ယှင်းခြင်းနှင့် ပြည့်ဝကြကုန်အံ့။


ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။


ခရစ်တော်အားဖြင့် ငါရို့သည် ကိုယ်တော်၏ ရှိ့တော်၌ အပြစ်ဆိုဖွယ်မဟိဘဲ သန့်ယှင်းသောသူများ ဖြစ်နိုင်စီခြင်းငှာ ကမ္ဘာမတည်ခင်ကပင် ဘုရားသခင်သည် ငါရို့အား ရွီးချယ်ထားတော်မူ၏။ အကြောင်းမူကား မိမိမေတ္တာတော်ကြောင့်၊


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


သို့ရာတွင် အဂုအခါတွင် ကိုယ်ခန္ဓာ​၌ သား​တော်​ကို အသီခံ​စီ​ခြင်း​အားဖြင့် ဘုရားသခင်သည် သင်ရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ထိုသို့ ပြုတော်မူခြင်းမှာ သန့်ယှင်းစင်ကြယ်စီလျက် အပြစ်ကင်းစီပြီး သင်ရို့အား မိမိ၏ရှိ့တော်မှောက်သို့ ဝင်ရောက်နိုင်ကြစီရန်ဖြစ်သည်။


ဘုရားသခင်သည် ငါရို့အား ညစ်ညူးခြင်းထဲသို့ ခေါ်တော်မူခြင်း မဟုတ်ဘဲ သန့်ယှင်းစွာ အသက်ရှင်နီထိုင်ကြရန် ခေါ်တော်မူခြင်းဖြစ်၏။


အဂုတွင် ညီအစ်ကိုမောင်နှမ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ သင်ရို့ထံ ရီးသားရန် မလိုအပ်ပေ။ အကြောင်းမူကား အချင်းချင်းချစ်ကြရန် ဘုရားသခင်က သင်ရို့ကို သင်ကြားထားပြီး ဖြစ်၏။


သင်သည် အသက်ငယ်ရွယ်သူ ဖြစ်သော်လည်း မည်သူမျှ သင့်ကို အထင်မသေးစီကေ့။ သင်၏ ပြောဆိုခြင်းသည်လည်းကောင်း၊ အပြုအမူသည် လည်းကောင်း၊ ချစ်ခြင်းမေတ္တာသည် လည်းကောင်း၊ ယုံကြည်ခြင်းသည် လည်းကောင်း၊ စိတ်နှလုံးစင်ကြယ်ခြင်းသည် လည်းကောင်း၊ ယုံကြည်သူရို့အတွက် စံနမူနာ ဖြစ်စီလော့။


ဤမျက်မှောက်ကာလ၌ လောကီစည်းစိမ် ချမ်းသာကြွယ်ဝသောသူရို့ကို မာန မထောင်လွှားရန် သတိပီးလော့။ စည်းစိမ်ချမ်းသာတည်းဟူသော မတည်မြဲသောအရာ၌ မိမိရို့၏မျှော်လင့်ခြင်းကို မအပ်နှံဘဲ၊ ငါရို့ခံစားဖို့အတွက် အရာခပ်သိမ်းကို ကြွယ်ဝစွာ ပီးတော်မူသော ဘုရားသခင်ကိုသာ မျှော်လင့်ကြရန် သတိပီးလော့။


သို့ရာတွင် ချမ်းသာလိုသောသူရို့သည် အပြစ်သွီးဆောင်ခြင်းသို့ လည်းကောင်း၊ ထောင်ချောက်ထဲသို့ လည်းကောင်း၊ လူတိကို ပျက်စီးဆုံးယှုံးစီတတ်သော မိုက်မဲ၍ အန္တရယ်ဟိသည့် တပ်မက်မှုအမျိုးမျိုးထဲသို့ လည်းကောင်း ကျရောက်တတ်၏။


အမှန်စင်စစ် ခရစ်တော်ယေသျှု၌ တည်လျက် ဘုရားဝတ်၌ မွိ့လျော်ခြင်းအသက်တာကို လိုလားတောင့်တသော သူတိုင်းသည် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။


ဒေမသည် လောကကို ချစ်သောကြောင့် ငါ့ကို စွန့်ခွါ၍ သက်သာလောနိတ်မြို့သို့ ထွက်ခွာလားခယာ။ ကရက္ကေသည် ဂလာတိပြည်သို့ လည်းကောင်း၊ တိတုသည် ဒါလမာတိပြည်သို့ လည်းကောင်း ထွက်လားခကတ်ယာ။


အကြောင်းမူကား တစ်ချိန်က ငါရို့သည်လည်း မိုက်မဲသောသူ၊ နာခံခြင်းမဟိသောသူ၊ လှည့်ဖြားသောသူတိ ဖြစ်ကြပြီး၊ အမျိုးမျိုးသော တပ်မက်ခြင်းနှင့် ကာမဂုဏ်ခံစားခြင်းတိ၌ ကျွန်ခံ၍ မနာလိုမှု၊ ရန်ငြိုးထားမှုများ၌ ကျင်လည်ကာ တစ်ယောက်ကို တစ်ယောက် မုန်းတီးလျက် အသက်ရှင်ခကြ၏။


သူရို့သည် မိမိရို့၏အမျိုးသားချင်းကို သော်လည်းကောင်း၊ ညီအစ်ကိုချင်းကို သော်လည်းကောင်း ‘ထာဝရဘုရားကို သိကြလော့’ ဟု သင်ကြားပီးရ လိမ့်မည်မဟုတ်၊ အကြောင်းမူကား သူရို့အားလုံးသည် အငယ်ဆုံးမှ အကြီးဆုံးတိုင်အောင် ငါ့ကို သိကြလိမ့်မည်။


ငါရို့၏အဖ ဘုရားသခင် လက်ခံတော်မူသော ဘာသာတရားကြည်ညိုခြင်း ဟူသည်မှာ သန့်ယှင်းစင်ကြယ်၍ အပြစ်ကင်းခြင်း၊ ဆင်းရဲဒုက္ခရောက်နိန်ကြသည့် မိဖမဟိသော အသျှေတိနှင့် မုဆိုးမတိကို ကြည့်ရှုစောင့်ရှောက်ခြင်း၊ ကိုယ်တိုင်လည်း လောကီအညစ်အကြေးများနှင့် ကင်းစင်စီခြင်းပင် ဖြစ်၏။


သို့ဖြစ်၍ သခင်ဘုရားသည် ဘုရားဝတ်၌ မွိ့ပျော်သောသူရို့အား စုံစမ်းနှောင့်ယှက်ခြင်းထဲမှ ကယ်နုတ်တော်မူရန် လည်းကောင်း၊ မဖြောင့်မတ်သောသူရို့ကို တရားစီရင်တော်မူရာနိ့၌ ပြစ်ဒဏ်စီရင်ရန် ထိန်းသိမ်းထားရမည်ကို လည်းကောင်း သိတော်မူ၏။


ဤအရာ အားလုံးသည် ဤသို့ ပျက်စီးလားရမည် ဖြစ်သောကြောင့် သင်ရို့သည် မည်သို့သောသူတိ ဖြစ်သင့်ကြသနည်း။ သင်ရို့သည် သန့်ယှင်းစွာ အသက်ရှင်လျက် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းအားဖြင့်၊


သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။


ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု ပြောသောသူသည် ယေသျှုခရစ်တော်ကဲ့သို့ အသက်ရှင်နီထိုင်သောသူ ဖြစ်ရမည်။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသည်ကို လည်းကောင်း၊ လောကတစ်ခုလုံးသည် မာရ်နတ်၏ အုပ်ချုပ်မှုအောက်၌ ဟိကြသည်ကို လည်းကောင်း ငါရို့ သိကြ၏။


သူရို့က “နောက်ဆုံးသော ကာလ၌ သင်ရို့ကို ပျက်ရည်ပြုသောသူတိ၊ မိမိရို့၏ ဆန္ဒဟိသည့်အတိုင်း ဘုရားတရားမဲ့ ပြုမူသောသူတိ ပေါ်လာလိမ့်မည်” ဟု သင်ရို့အား ပြောခကြ၏။


ဤကား ဘုရားသခင်၏ပညတ်တော်ကို နာခံလိုက်လျှောက်၍ ယေသျှု၌ သစ္စာဟိကြသော ဘုရားသခင်၏လူရို့အဖို့ သည်းခံနိုင်ခြင်း ဟိစီရန်ပင် ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ