Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တိတု 2:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိတု 2:11
50 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။


ထို့နောက် ကိုယ်တော်က၊ “သင်ရို့သည် လောကီနိုင်ငံအရပ်ရပ်သို့ လားပြီးလျှင် လူသတ္တဝါအပေါင်းရို့အား ဧဝံဂေလိသတင်းကောင်းတရားကို ဟောပြောကြလော့။


နာမတော်ကိုအမှီပြု၍ နောင်တရခြင်းတရားနှင့် အပြစ်လွှတ်ခြင်းတရားတိကို ယေရုဆလင်မြို့မှစ၍ လူမျိုးတကာရို့ကို ဟောပြောရမည်။


လူအပေါင်းရို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တွိ့မြင်ရလိမ့်မည်’” ဟု ဖြစ်၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ထိုအလင်းတော်သည် လောကသို့ ကြွလာပြီးလျှင် လူသားအပေါင်းရို့တွင် ထွန်းလင်းပြီး — စစ်မှန်သောအလင်း ဖြစ်တော်မူ၏။


ဗာနဗသည် ထိုမြို့သို့ ရောက်သောအခါ ဘုရားသခင်ပီးထားသော ကျေးဇူးတော်ကို မြင်ရ၍ အားရဝမ်းသာဖြစ်ရလေ၏။ သို့ဖြစ်၍ သခင်ဘုရားအား မိမိ၏စိတ်နှလုံးကို ပုံအပ်၍ ယုံကြည်ကိုးစားပြီး သစ္စာစောင့်ကြရန် သူရို့အားလုံးကို တိုက်တွန်းနှိုးဆော်လေ၏။


လူအပေါင်းရို့သည် ဝတ်ပြုစည်းဝေးပွဲမှ ထွက်ခွာလားကြပြီးနောက် ယုဒလူမျိုးတိနှင့် ယုဒဘာသာဝင်အဖြစ်သို့ ခံယူထားကြသော တခြားလူမျိုးများစွာရို့သည် ပေါလုနှင့် ဗာနဗ၏ နောက်သို့ လိုက်ပါလားကြ၏။ တမန်တော်တိက သူရို့အား ပြောဆို၍ ဘုရားသခင်၏ ကျေးဇူးတော်၌ အစဉ်အမြဲ ရှင်သန်ကြရန် သူရို့ကို အားပီးတိုက်တွန်းကြ၏။


သခင်ဘုရားက ငါရို့အား ပီးထားသော ပညတ်တရားမှာ၊ “ ‘ငါသည် သင်ရို့ကို တခြားသောလူမျိုးတိအတွက် အလင်း ဖြစ်စီခြင်းငှာ ခန့်ထားပြီးပြီ။ ထို့ကြောင့် လောကသားအားလုံး ကယ်တင်ခြင်းသို့ ရောက်စီခြင်းငှာ ဆောင်ရွက်ကြလော့’ ဟူ၍ ဖြစ်၏။”


လူတိသည် အတိတ်ကာလက ဘုရားကို မသိခသည်ကို ဘုရားသခင်သည် အပြစ်မယူခပေ၊ သို့သော်လည်း ယခုတွင် မြီကြီးတစ်ပြင်လုံး၌ ဟိကြကုန်သော လူသားအားလုံးကို မိမိရို့၏အပြစ်မှ နောင်တရကြရန် ဘုရားသခင် မိန့်တော်မူလျက်ဟိ၏။


သို့သော် ငါသည် ငါ့အသက်ကို နှမြောခြင်းမဟိဘဲ၊ ငါ၏အမှုတော်ကို ပြည့်စုံစီခြင်းငှာ လည်းကောင်း၊ အသျှင်ယေသျှု ပီးအပ်တော်မူသည့် အလုပ်တာဝန်ကို လည်းကောင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မှုကိုသာလျှင် ပမာဏပြု၏။ ကိုယ်တော် ပီးအပ်တော်မူသော အမှုတော်မူကား ဘုရားသခင်၏ ကျေးဇူးတော်အကြောင်း သတင်းကောင်းကို ဟောပြောကြေညာရန်ပင် ဖြစ်သတည်း။


သို့ရာတွင် လူအပေါင်းရို့သည် သတင်းကောင်းတရားကို မကြားရခသည်မှာ အမှန်ပင်ဖြစ်သလားဟု ငါမိန်းလို၏။ သူရို့သည် ကြားနာခွင့်ကို အမှန်ပင် ရကြ၏ — ကျမ်းစာတော်က “သတင်းကောင်းတရားကို ဟောပြောသူရို့၏ အသံသည် မြီကြီးတပြင်လုံးသို့ ပြန့်နှံ့လား၏။ သူရို့၏တရားစကားများသည် ကမ္ဘာ အဆုံးတိုင်အောင် ရောက်လား၏” ဟု ဆိုထား၏။


သို့သော်လည်း အာဒံ၏ပြစ်မှားခြင်းနှင့် ဘုရားသခင်၏ အခမဲ့လက်ဆောင်သည် ကွာခြား၏။ အကြောင်းမူကား တစ်ယောက်သောသူ၏ ပြစ်မှားခြင်းအားဖြင့် များစွာသောလူအပေါင်းရို့သည် သီခြင်းသို့ ရောက်ကြရ၏။ သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ကြီးမြတ်တော်မူသည်ဖြစ်၍ ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူ၏ ကျေးဇူးအားဖြင့် ဘုရားသခင်၏ အခမဲ့ကျေးဇူးတော်ကို များစွာသောလူအပေါင်းရို့သည် ခံစားကြရ၏။


ငါရို့သည် ယခု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။


ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။


ဘုရားသခင်၏ ကျေးဇူးတော်ကို ငါသည် မငြင်းပယ်။ သို့သော်လည်း လူအပေါင်းရို့သည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရနိုင်ကြလျှင် ခရစ်တော်၏ အသီခံခြင်းသည် အချည်းနှီး ဖြစ်တော်မူ၏။


မနာခံမှုကြောင့် အပြစ်တရား၌ သီလျက်ဟိသော ငါရို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စီတော်မူ၏။ ထိုအရာကား သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း ခံထားရသောကြောင့် ဖြစ်၏။


သင်ရို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းကို ခံကြရ၏။ သင်ရို့၏ ကြိုးစားအားထုတ်မှုကြောင့် မဟုတ်။ ဘုရားသခင်ပီးတော်မူသော ဆုလက်ဆောင်ဖြစ်၍ ဇာသူလေ့ ဝါကြွားစရာအခွင့် မဟိ။


သို့ရာတွင် သင်ရို့ ကြားသိရသည့် သတင်းကောင်း၏ မျှော်လင့်ခြင်းမှ သင်ရို့သည် မယိမ်းမယိုင်စီဘဲ ခိုင်မြဲစွာ အုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍ တည်နိန်ကြရမည်။ ထိုသတင်းကောင်းကို မြီကြီးထက်၌ဟိသော လောကီသားတိုင်းအား ဟောပြောနိန်သည်ဖြစ်၍ ငါပေါလုသည် ထိုသတင်းကောင်းအတွက် အခိုင်းအစီ ဖြစ်လာ၏။


သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်အကြောင်းကို ပထမဆုံး ကြားရပြီးသည့်နိ့မှစ၍ ထိုကျေးဇူးတော်ကို အမှန်သိမြင်လာသည်နှင့်အမျှ သင်ရို့ပါးသို့ ရောက်လာ၏။ ထိုနည်းတူ ထိုသတင်းကောင်းသည် ကောင်းကြီးမင်္ဂလာကို ယူဆောင်၍ ကမ္ဘာမြီတစ်ခုလုံးသို့ ပျံ့နှံ့လျက်ဟိ၏။


ငါရို့၏အသျှင် ယေသျှုခရစ် ကိုယ်တော်တိုင်နှင့် ငါရို့ကို ချစ်တော်မူ၍ ကောင်းမြတ်သည့် မျှော်လင့်ခြင်းနှင့် ထာဝရနှစ်သိမ့်ခြင်းကို မိမိ၏ကျေးဇူးတော်အားဖြင့် ပီးသနားတော်မူသော ငါရို့၏အဖ ဘုရားသခင်သည်၊


ထို့အပြင် ငါရို့၏ သခင်ဘုရားသည် မိမိ၏ အတိုင်းမသိကြွယ်ဝတော်မူသော ကျေးဇူးတော်ကို ငါ၌ သွန်းလောင်းပီးတော်မူသည့်အပြင် ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာကို ငါ့အား ပီးတော်မူ၏။


လူအပေါင်းရို့သည် သမ္မာတရားကို သိ၍ ကယ်တင်ခြင်းခံရစီခြင်းငှာ ဘုရားသခင် အလိုဟိတော်မူ၏။


သို့သော်လည်း ငါရို့၏ကယ်တင်သျှင် ခရစ်တော်ယေသျှု ကြွလာတော်မူခြင်းအားဖြင့် ထိုကျေးဇူးတော်ကို ငါရို့အား ယခုအချိန်၌ ဖော်ပြတော်မူပြီ။ ကိုယ်တော်သည် သီခြင်းတရားကို အဆုံးသတ်လိုက်ပြီးနောက် သီခြင်းတရားကင်းသော အသက်တာကို သတင်းကောင်းတရားအားဖြင့် ဖော်ပြတော်မူပြီ။


သို့သော်လည်း တခြားလူမျိုးတိ အားလုံး သတင်းကောင်းတရားကို ကြားနာခြင်းအတွက် ထိုတရားကို အကုန်အစင်ဟောပြော စီခြင်းငှာ သခင်ဘုရားသည် ငါ့ဖက်၌ ဟိတော်မူ၍ ငါ့အား အစွမ်းသတ္တိကို ပီးတော်မူ၏။ ထိုမျှမက သီမင်း၏ခံတွင်းထဲက ငါ့ကို ကယ်တင်တော်မူ၏။


ဇာသူမျှ ဘုရားသခင်၏ကျေးဇူးတော်နှင့် မကင်းကွာစီခြင်းငှာ လည်းကောင်း၊ လူအပေါင်းရို့ကို အနှောင့်အယှက်ဖြစ်စီတတ်သည့်အပြင် ညစ်ညူးခြင်းကို ဖြစ်စီတတ်သည့် ခါးသီးသောအမြစ် ထွက်မလာစီခြင်းငှာ လည်းကောင်း သတိပြုကြကုန်အံ့။


သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသီခံခြင်းငှာ ကောင်းကင်တမန်တိအောက် ခေတ္တမျှ နှိမ့်ချထားခြင်းကို ခံရသော ယေသျှုကို ငါရို့သည် မြင်ကြရပြီ။ ထိုအသျှင်သည် မိမိအသီခံတော်မူခြင်းကြောင့် ဘုန်းတန်ခိုးတော်ဖြင့်လည်းကောင်း၊ ဂုဏ်အသရေဖြင့်လည်းကောင်း ချီးမြှောက်ခြင်းခံရသည်ကို ငါရို့ မြင်တွိ့ကြရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ