Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တိတု 1:9 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

9 သူသည် အခြားသူတိအား မှန်ကန်ပြည့်စုံသော သြဝါဒစကားဖြင့် အားပီးတိုက်တွန်းနိုင်ရန်နှင့် ဆန့်ကျင်ပြောဆိုသောသူတိကို ချေပပြောဆိုနိုင်ရန် မိမိသင်ယူထားသည့် သစ္စာနှင့်ပြည့်စုံသော နှုတ်ကပတ်တရားကို ခိုင်မြဲစွာ စွဲကိုင်ထားရမည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိတု 1:9
24 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား သူက ယေသျှုသည် မေသျှိယ ဖြစ်တော်မူကြောင်းကို ကျမ်းစာကို သက်သီပြုကာ မိမိ၏ခိုင်မာသော ချေပပြောဆိုမှုများဖြင့် ယုဒလူမျိုးများ၏ဝေဖန်ဆွေးနွေးမှုများကို လူအများရှိ့မှာ အနိုင်ရလေ၏။


သို့သော် သင်ရို့သည် ဘုရားသခင်၏ သတင်းစကားကို ဟောပြောနိန်စဉ် မယုံကြည်သောသူရို့၊ သို့မဟုတ် နားမလည်သောသူရို့သည် ရောက်လာလျှင် သူရို့ကြားရသော တရားစကားအားဖြင့် သူရို့၏ အပြစ်ကို နားလည်သဘောပေါက်လာကာ သူရို့ကို သူရို့ စီရင်လိမ့်မည်။


သို့ရာတွင် ထိုပရောဖက်ပြုချက်များကို စစ်ဆေးပြီးလျှင် ကောင်းသောအရာများကို ဆုပ်ကိုင်၍၊


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့၏ဟောပြောခြင်းအားဖြင့် လည်းကောင်း၊ ငါရို့၏ ပီးစာအားဖြင့် လည်းကောင်း သင်ရို့အား သွန်သင်ခသည့် သမ္မာတရားများကို သင်ရို့သည် စွဲကိုင်၍ ခိုင်ခံ့စွာ ရပ်တည်ကြလော့။


အကျင့်စာရိတ္တပျက်သောသူ၊ လိင်တူဆက်ဆံသောသူ၊ လူကုန်ကူးသောသူ၊ လိမ်လည်ပြောဆိုတတ်သောသူ၊ မမှန်သောသက်သီကို ခံတတ်သောသူနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သောသူရို့ အတွက်သာလျှင် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း ငါရို့ သိကြ၏။


ခရစ်တော်ယေသျှုသည် အပြစ်သားရို့ကို ကယ်တင်ရန် ဤလောကထဲသို့ ကြွဆင်းလာတော်မူ၏ဟူသော စကားသည် မှန်သောစကားဖြစ်၍ လုံးဝ လက်ခံ ယုံကြည်ရမည့်စကားလည်း ဖြစ်၏။ ထိုအပြစ်သားများထဲတွင် ငါသည် အဆိုးဆုံးသောသူ တစ်ယောက်ဖြစ်၏။


သင်၏ယုံကြည်ခြင်းကို လည်းကောင်း၊ ကြည်လင်သော အသိစိတ်ကို လည်းကောင်း စွဲကိုင်ထားလော့။ လူတချို့သည် ကြည်လင်သော အသိစိတ်ကို ငြင်းပယ်၍ မိမိရို့၏ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ကြလေ၏။


ဤစကားသည် မှန်သောစကားဖြစ်၍ အကြွင်းမဲ့ လက်ခံယုံကြည်ရမည့် စကားလည်း ဖြစ်၏။


ကွဲပြားသော ဩဝါဒကို သွန်သင်၍ ငါရို့အသျှင် ယေသျှုခရစ်တော်၏ညွှန်ကြားချက်နှင့် ဘုရားဝတ်၌ မွိ့လျော်ခြင်းဆိုင်ရာ သွန်သင်ချက်ကို ငြင်းပယ်သောသူသည်ကား၊


ခရစ်တော်ယေသျှု၌ဟိသော ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာနှင့်အတူ ငါ့ပါးက ကြားရသမျှသော စစ်မှန်သည့်ဩဝါဒကို စံနမူနာအဖြစ်ဖြင့် ဆုပ်ကိုင်ထားလော့။


ထို့ပြင် များစွာသော အသိသက်သီတိရှိ့မှာ ငါ ပြောကြားခသော ဩဝါဒများကို မှတ်သားပြီးလျှင် သစ္စာနှင့်ပြည့်စုံ၍ အခြားသူတိကို သင်ပြနိုင်သောသူရို့အား ပီးအပ်လော့။


ဆန့်ကျင်ဖက်ပြုသော သူရို့သည် နောင်တရပြီး သမ္မာတရားကို သိလာရန် ဘုရားသခင် အခွင့်ပီးတော်မူလိမ့်မည်ဟု မျှော်လင့်လျက် သူရို့ကို နူးညံ့သိမ်မွိ့စွာ သွန်သင်တတ်သူ ဖြစ်ရမည်။


သို့ရာတွင် သင်သည်ကား မိမိ သင်ယူထားသော သမ္မာတရား၌ မြဲမြံ၍ ခိုင်မာသော ယုံကြည်ခြင်း ဟိလော့။ အကြောင်းမူကား သင်သည် ဇာသူ့ပါးက သင်ယူခသည်ကို သင် သိ၏၊


လူရို့သည် မှန်ကန်သည့် ဩဝါဒတရားများကို နားမထောင်ဘဲ၊ မိမိရို့၏အလိုဆန္ဒနှင့်အညီ၊ မိမိရို့နားထောင်လိုသော စကားများကို ပြောကြားပီးမည့် ဆရာသမားရို့ကို လိုက်ရှာမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။


သူရို့သည် မစင်ကြယ်သော အကျိုးစီးပွားအတွက် မသွန်သင်အပ်သောအရာများကို သွန်သင်လျက် မိသားစုများအားလုံးကို ပျက်စီးစီခြင်းငှာ လုပ်ဆောင်နိန်ကြသောကြောင့် ထိုသူရို့၏နှုတ်ကို ပိတ်စီရမည်။


သို့ရာတွင် သင်သည် မှန်သော ဩဝါဒတရားကို သွန်သင်ဟောပြောရမည်။


ချစ်ခင်ရသော အဆွီရို့၊ ငါရို့နှင့်ဆိုင်သော ကယ်တင်ခြင်းအကြောင်းကို ငါသည် သင်ရို့ပါးသို့ စာရီးရန် ကြိုးစားခ၏။ သို့ရာတွင် ကိုယ်တော်၏ လူစုအား ဘုရားသခင် အပြီးအပိုင် ပီးအပ်တော်မူသည့် ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ကြရန် သင်ရို့ပါးသို့ ချက်ချင်းပင် စာရီး၍ အားပီးတိုက်တွန်းရန် လိုအပ်လာသည်ဟု ငါ ခံစားရ၏။


သင်ရို့သည် မိမိရို့၌ ဟိသည့်အရာကို ငါလာသည်တိုင်အောင် စွဲမြဲစွာကိုင် ထားကြလော့။


ငါသည် မကြာခင် ကြွလာမည်။ သင်၏ ဆုသရဖူကို ဇာသူမျှ မလုမယူနိုင်စီခြင်းငှာ သင် ရဟိထားသောအရာကို စွဲကိုင်လော့။


ထို့ကြောင့် သင်သည် ကြားနာသမျှ၊ ခံယူထားသမျှ တရားကို အောက်မိ့သတိရလျက် နာခံလိုက်လျှောက်လော၊ နောင်တရလော့။ သင်သည် မနိုးထလျှင် သူခိုးလာသကဲ့သို့ ငါသည် သင့်ပါးသို့ လာမည်။ ငါလာမည့်အချိန်ကို သင် သိရလိမ့်မည်မဟုတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ