Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တိတု 1:2 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

2 ထိုဘုရားဝတ်၌ မွိ့ပျော်ခြင်းသည်ကား ထာဝရအသက်ကို မျှော်လင့်ခြင်း၌ တည်၏။ မုသာနှင့် ကင်းစင်တော်မူသော ဘုရားသခင်သည် ရှိ့ကာလမတိုင်ခင်ကပင် ထိုထာဝရအသက်ကို ငါရို့အား ကတိ ပီးထားတော်မူခ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




တိတု 1:2
46 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သျှင်ဘုရင်က မိမိ၏လက်ယာဘက်၌ ဟိသောသူများကို ‘ငါ့အဖ ကောင်းချီးပီးခြင်းကို ခံရသောသူအပေါင်းရို့၊ လောကကို ဖန်ဆင်းကတည်းက သင်ရို့အတွက် ပျင်ဆင်ထားသော နိုင်ငံတော်၏အမွီကို လာ၍ ယူကြလော့။


ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။


တဖန်၊ ယေသျှုသည် လမ်း၌ ကြွတော်မူစဉ် လူတစ်ယောက်သည် အထံတော်သို့ ဗြီးလာ၍ ရှိ့တော်၌ ဒူးထောက်လျက် “ကောင်းမြတ်သောဆရာ၊ အကျွန်သည် ထာဝရအသက်ကို ရစီခြင်းငှာ မည်သို့ လုပ်ရပါမည်နည်း” ဟု မိန်းလျှောက်လေ၏။


အဂုကာလ၌ ညှည်းပန်းနှိပ်စက်ခြင်းနှင့်တကွ အဆတစ်ရာဟိသော အိမ်၊ မြီ၊ ညီအစ်ကိုမောင်နှမ၊ မိဘ၊ သားသမီးတိကို ရဟိလိမ့်မည် — ယင်းထက်မက နောင်ဘဝ မှာလည်း ထာဝရအသက်ကိုပါ ရဟိလိမ့်မည်။


ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။


အကြောင်းမူကား ကိုယ်တော်သည် သားတော်ကို ပီးအပ်ထားသော သူရို့အား ထာဝရအသက်ကို ရစီခြင်းငှာ လူသားအားလုံးကို အစိုးရသောအခွင့်အာဏာကို သားတော်အား ပီးအပ်ထားပြီးဖြစ်ပါ၏။


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


သင်ရို့သည် ကျမ်းစာတော်မြတ်ကို ကြိုးစား၍ လေ့လာကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအထဲ၌ ထာဝရအသက်ကို ရှာတွိ့လိမ့်မည်ဟု ထင်သောကြောင့်ဖြစ်၏။ ထိုကျမ်းစာတော်မြတ်ပင်လျှင် ငါ၏အကြောင်းကို သက်သီခံ၏။


ငါ့အသားကိုစား၍ ငါ့အသွီးကို သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ငါသည်လည်း ထိုသူရို့ကို နောက်ဆုံးသောနိ့၌ သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်။


ထိုအခါ သျှိမုန်ပေတရု ကလည်း “အသျှင်၊ အကျွန်ရို့ ဇာသူ့ပါးသို့ လားရပါမည်နည်း။ ထာဝရအသက်နှင့်ဆိုင်သော တရားကို ကိုယ်တော် ဟောပါ၏။


ဤကား ရှီးကာလကပင် ဤအရာများကို သိတော်မူသော သခင်ဘုရား၏ မိန့်တော်မူချက် ဖြစ်သတည်း။’


ကျမ်းစာတော်မြတ်၌ ရီးထားခသည့်အတိုင်း ဘုရားသခင်သည် ရှီးလွန်လေပြီးသော ကာလကပင် သူ၏ပရောဖက်များအားဖြင့် ကတိပီးထားခသော သတင်းကောင်းတရားဖြစ်သည်။


ဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို ငါရို့ ထောမနာပြုကြကုန်အံ့။ အကြောင်းမူကား ငါရို့ ဟောပြောသော ယေသျှုခရစ်တော်၏ သတင်းကောင်းအားဖြင့် လည်းကောင်း၊ လွန်ခသော အချိန်ကာလများစွာကပင် ကွယ်ဝှက်ထားခသည့် နက်နဲသော သမ္မာတရားကို ဖွင့်ပြခြင်းအားဖြင့် လည်းကောင်း ကိုယ်တော်သည် သင်ရို့အား မိမိရို့၏ယုံကြည်ခြင်း၌ ခိုင်မြဲစွာ ရပ်တည်ခြင်းငှာ မစနိုင်တော်မူ၏။


ကောင်းသောအကျင့်ကို အမြဲကျင့်လျက် ဘုန်းတန်ခိုးတော်နှင့် ဂုဏ်တော်ကို လည်းကောင်း၊ ဖေါက်ပြန် ပျက်စီးခြင်းမဟိသောအသက်ကို လည်းကောင်း ရှာသော သူရို့အား ဘုရားသခင်က ထာဝရအသက်ကို ပီးတော်မူလိမ့်မည်။


ငါရို့သည် ယခု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။


ထိုသို့ဖြစ်လျှင် အပြစ်တရားသည် သီခြင်းကို အုပ်စိုးသည့်နည်းတူ၊ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ထာဝရအသက်ကို ရစီခြင်းငှာ ဖြောင့်မတ်ခြင်းတရားသည် ငါရို့အား အုပ်စိုးလျက်ဟိ၏။


သည်းခံခြင်းသည် ဘုရားသခင်၏ သက်သီကို ဖြစ်စီတတ်၏။ ကိုယ်တော်၏သက်သီသည် မျှော်လင့်ခြင်းကို ဖြစ်စီတတ်၏။


အပြစ်တရား၏ အခကား သီခြင်းဖြစ်၏၊ သို့ရာတွင် ဘုရားသခင်၏အခမဲ့လက်ဆောင်သည်ကား ငါရို့ အသျှင်ခရစ်တော် ယေသျှုအားဖြင့်ရသော ထာဝရအသက် ဖြစ်၏။


ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။


အသျှင်ယေသျှုနှင့် ပရောဖက်တိကို အသီသတ်ခသော ထိုသူရို့သည် ငါရို့ကိုလည်း ညှည်းဆဲခကြ၏။ သူရို့သည် ဘုရားသခင်ကို မနှစ်သက်သောသူ၊ လူတိုင်းကို ဆန့်ကျင်သောသူတိ ဖြစ်ကြ၏။


သို့ရာတွင် ငါရို့သည် နိ့အချိန်၌ ကျင်လည်သောသူတိ ဖြစ်ကြသောကြောင့် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ကယ်တင်ခြင်းခံရရန် မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကာ သမ္မာသတိဟိကြကုန်အံ့။


ယုံကြည်ခြင်းနှင့်ဆိုင်သော အဗြီးပြိုင်ပွဲ၌ အစွမ်းကုန် ဗြီး၍ မိမိကိုယ်တိုင်အဖို့အလို့ငှာ ထာဝရအသက်တည်းဟူသော အောင်ဆုကို ရယူလော့။ အကြောင်းမူကား သင်သည် များစွာသောသက်သီရို့ရှိ့မှာ မိမိ၏ယုံကြည်ချက်ကို အခိုင်အမာ ဝန်ခံခသည့်အတိုင်း ဤထာဝရအသက်ကို ရမည်အကြောင်း သင့်ကို ဘုရားသခင် ခေါ်ထားတော်မူခြင်းဖြစ်၏။


ဤနည်းအားဖြင့် သူရို့သည် အနာဂါတ်အတွက် ခိုင်ခံ့သော အခြေခံအုတ်မြစ်တည်းဟူသော ဘဏ္ဍာကို မိမိရို့အဖို့ စုဆောင်းထားနိုင်ကြလိမ့်မည်။ ထို့အပြင် သူရို့သည် စစ်မှန်သော အသက်ကိုလည်း ရနိုင်ကြလိမ့်မည်။


ခရစ်တော်ယေသျှု၌ တည်သော အသက်တာနှင့်ပတ်သက်၍ ကတိတော်ဟိသည့်အတိုင်း ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေသျှု၏ တမန်တော်ဖြစ်သော ငါ ပေါလုထံမှ —


ကိုယ်တော်သည် ငါရို့ကို ကယ်တင်တော်မူ၍ မိမိ၏လူစုထဲသို့ ခေါ်သွင်းတော်မူ၏။ ငါရို့၏လုပ်ဆောင်ခြင်းကြောင့်မဟုတ်၊ ကိုယ်တော်၏ရည်ရွယ်ချက်နှင့် ကျေးဇူးတော်ကြောင့်ဖြစ်၏။ ကိုယ်တော်သည် ရှိ့ကာလ မတည်မှီကပင် ဤကျေးဇူးတော်ကို ခရစ်တော်ယေသျှုအားဖြင့် ငါရို့အား ပီးထားတော်၏။


ထို့အပြင် ငါသည် ဘုရားသခင်ရွီးချယ်ထားသော သူရို့အကျိုးငှာ အရာရာ၌ သည်းခံရ၏။ အကြောင်းမူကား သူရို့သည် ထာဝရဘုန်းတန်ခိုးတော်နှင့် ပြည့်စုံသည့် ယေသျှုခရစ်တော်၌ဟိသော ကယ်တင်ခြင်းကို ရကြစီခြင်းငှာ ဖြစ်၏။


ငါရို့သည် မယုံကြည်သော်လည်း ကိုယ်တော်သည် သစ္စာဟိတော်မူ၏၊ အကြောင်းမူကား ကိုယ်တော်သည် မိမိကိုယ်ကို ငြင်းပယ်တော်မမူ။”


သင်မူကား ရှက်ကြောက်စရာမဟိဘဲ သမ္မာတရားနှင့်ဆိုင်သော နှုတ်ကပတ်တော်ကို မှန်ကန်စွာ သွန်သင်တတ်သောသူ၊ ဘုရားသခင်နှစ်သက်တော်မူသောသူ တစ်ယောက်အဖြစ်ဖြင့် မိမိကိုယ်ကို ဆက်ကပ်အပ်နှံခြင်းငှာ အစွမ်းကုန် ကြိုးစား အားထုတ်လော့။


ငါရို့၏ ကြီးမြတ်တော်မူသော ဘုရားသခင်နှင့် ကယ်တင်သျှင် ယေသျှုခရစ်တော်၏ဘုန်းတန်ခိုးတော် ပေါ်ထွန်းခြင်းတည်းဟူသော ကောင်းကြီးမင်္ဂလာနှင့် သက်ဆိုင်သော မျှော်လင့်ခြင်းကို စောင့်မျှော်လျက်နိန်ကြရန် လည်းကောင်း ဘုရားသခင်သည် ငါရို့အား ဆုံးမသွန်သင်လျက် ဟိ၏။


အရာရာ၌ ကောင်းသောအမှုကို ပြုခြင်းအားဖြင့် သူရို့ ရှိ့၌ သင်ကိုယ်တိုင် စံနမူနာ ဖြစ်စီလော့။ သင်၏ဩဝါဒတရားသည် မှန်ကန်ခြင်း၊ တည်ကြည်လေးနက်ခြင်း ဟိစီလော့။


ဤသည်ကား ဘုရားသခင်သည် မိမိ၏ကျေးဇူးတော်အားဖြင့် ငါရို့ကို ဖြောင့်မတ်ခြင်းတရား၌ တည်စီပြီးလျှင်၊ ငါရို့ မျှော်လင့်နိန်ကြသော ထာဝရအသက်ကို အမွီခံစီခြင်းငှာ ဖြစ်လေ၏။


ဤသည်ကား ခရစ်တော်ကိုယ်တော်တိုင် ငါရို့ကို ကတိပီးထားတော်မူသော ထာဝရအသက်ဖြစ်၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၌ မိမိကိုယ်ကို စောင့်ထိန်း၍ ထာဝရအသက်ကို ပီးတော်မူမည့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ ကရုဏာတော်ကို စောင့်မျှော်နိန်ကြလော့။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


သင်မြင်ရသည့် သားရဲသည် တစ်ခါက အသက်ရှင်ခသော်လည်း ယခု အသက်မရှင်ယာ။ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီးလျှင် ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ လောကကို မဖန်ဆင်းခင်ကပင် အသက်စာစောင်စာရင်းတွင် မပါသူ မြီကြီးသားရို့သည် ထိုသားရဲကို မြင်သောအခါ အံ့သြကြလိမ့်မည်။ သူသည် အယင်က အသက်ရှင်ခ၏။ ယခု အသက်မရှင်သော်လည်း နောက်တဖန် အသက်ရှင်လာဦးမည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ