Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရောမ 9:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 သူရို့သည် ထင်ရှားသောဟေဗြဲမျိုးနွယ်မှ ဆင်းသက်လာကြ၏။ ခရစ်တော်သည်လည်း လူ့ဇာတိအားဖြင့် သူရို့ထဲမှ ပေါ်ထွန်းလာတော်မူ၏။ ထိုအသျှင်သည် အရာခပ်သိမ်းကို အုပ်စိုးတော်မူ၍ ထာဝရချီးမွမ်းထိုက်တော်မူသော ဘုရားသခင် ဖြစ်တော်မူ၏။ အာမင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရောမ 9:5
45 ပူးပေါင်းရင်းမြစ်များ  

ငါသည် သင်ရို့အား ပီးထားသမျှသော ပညတ်တော်တိကို စောင့်ထိန်းကြစီခြင်းငှာ သူရို့အား ဆုံးမဩဝါဒ ပီးကြလော့။ ငါသည် ကပ်ကမ္ဘာ ကုန်သည့်တိုင်အောင် သင်ရို့နှင့်အတူ အမြဲတမ်း ဟိနိန်လိမ့်မည်” ဟု မိန့်တော်မူ၏။


အကျွန်ရို့၌ ပြင်းထန်သော စုံစမ်းသွီးဆောင်ခြင်းကို မရောက်ပါစီကေ့၊ မကောင်းသောအမှုမှ အကျွန်ရို့ကို ကယ်နုတ်တော်မူပါ။’


ဒါဝိဒ်သည် မေသျှိယအား၊ ‘အသျှင်’ ဟုခေါ်လျှင် ဇာကြောင့် မေသျှိယသည် ဒါဝိဒ်၏သား ဖြစ်နိုင်မည်နည်း” ဟု မိန်းတော်မူ၏။


ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။


ထို့ကြောင့် သင်ရို့သည် မိမိကိုယ်ကိုလည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော် ပီးထားသော သိုးစုရို့ကို လည်းကောင်း ကြည့်ရှုစောင့်ရှောက်ကြလော့။ ဘုရားသခင့် အသင်းတော်၏ သိုးထိန်းများ ဖြစ်စီကြလော့။ ထိုအသင်းတော်မူကား ဘုရားသခင်သည် မိမိသားတော်၏ အသွီးတော်အားဖြင့် မိမိပိုင်ဆိုင်ရာ အသင်းတော် ဖြစ်စီ၏။


ငါရို့အဖိုးအဖီးတိ၏ဘုရား၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်ရို့၏ ဘုရားသခင်သည် မိမိ၏အခိုင်းအစီ ယေသျှုအား ဘုန်းတန်ခိုးတော်ကို ပီးတော်မူခယာ။ သင်ရို့သည် ထိုအသျှင်ကို အာဏာဟိသောသူတိလက်၌ အပ်သော်လည်း သူ့ကို လွှတ်ပီးရန် ဆုံးဖြတ်ထားသော ပိလတ်၏ ရှိ့တော်၌ ငြင်းပယ်ခကြ၏။


သူရို့သည် ဘုရားသခင်၏သမ္မာတရားကို မုသားနှင့် လှဲလှယ်၍ ထာဝရချီးမွမ်းဖွယ်ရာ ဖြစ်တော်မူသော ဖန်ဆင်းသျှင် ကိုယ်စား ဘုရားသခင် ဖန်ဆင်းထားသော အရာများကိုသာ ကိုးကွယ်ဝတ်ပြုလျက် ထိုအရာများ၏အမှုကိုသာ ဆောင်ရွက်နိန်ကြ၏။ အာမင်။


ထိုသတင်းကောင်းတရားသည်ကား ဒါဝိဒ်၏ အမျိုးတစ်ယောက်အဖြစ်ဖြင့် လူ့ဇာတိကို ခံယူမွီးဖွားလာသော ဘုရားသခင်၏သားတော် ငါရို့၏အသျှင် ယေသျှုခရစ်တော်အကြောင်း ဖြစ်၏။


ယုဒလူမျိုး၊ တခြားလူမျိုးဟူ၍ ခွဲခြားမှုမဟိ၊ ဘုရားသခင်သည် လူအားလုံး၏အသျှင်သခင် ဖြစ်တော်မူ၍ ကိုယ်တော်၌ ဆုတောင်းသမျှ သောသူတိအား ကောင်းကြီးမင်္ဂလာများကို ကြွယ်ဝစွာ ချပီးတော်မူ၏။


ဣသရေလလူမျိုးရို့သည် သင်ရို့ တခြားလူမျိုးအကျိုးကို ထောက်ရှု၍ သတင်းကောင်းတရားကို ငြင်းပယ်လျက် ဘုရားသခင်၏ရန်သူများ ဖြစ်ကြရ၏။ သို့ရာတွင် ဘုရားသခင်ရွီးကောက်ထားသော မိမိရို့၏ဖိုးဖီးများကြောင့် သူရို့သည် ဘုရားသခင် ချစ်သောသူများ ဖြစ်ကြ၏။


သင်ရို့သည် စိတ်ဝိညာဉ်အားဖြင့်သာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလျှင် ထိုစုဝေးခြင်း၌ နားမလည်သောသူရို့သည် သင်ရို့ပြောဆိုသော စကားများကို နားမလည်နိုင်သဖြင့် သင်ရို့၏ဆုတောင်းပတ္ထနာ၌ “အာမင်” ဟု ဇာပိုင် ဝန်ခံနိုင်မည်နည်း။


ငါသည် မုသာသုံး၍ မပြောကြောင်းကို အသျှင်ယေသျှု၏ ခမည်းတော်တည်းဟူသော ဘုရားသခင်သည် သိတော်မူ၏။ ထိုအသျှင်၏ နာမတော်သည် ကာလအစဉ်အဆက် မင်္ဂလာဟိတော်မူပါစီသတည်း။


ငါရို့၏ဘာသာတရားသည် ဇာလောက်ထိ နက်နဲသည်ကို ဇာသူမျှ မငြင်းနိုင်ပေ၊ ကိုယ်တော်သည် လူသား၏ ပုံသဏ္ဍန်အားဖြင့် ပေါ်ထွန်းတော်မူသည်မှာ ဟုတ်မှန်တော်မူကြောင်းကို ဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ၊ ကောင်းကင်တမန်များသည် ကိုယ်တော့်ကို မြင်ရကြပြီ။ ကိုယ်တော်၏အကြောင်းကို လူမျိုးအပေါင်းရို့အား ဟောပြောကြပြီ၊ လောကီသားရို့သည်လည်း ယုံကြည်ကြပြီ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူပြီ။


မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ အရာခပ်သိမ်းကို အုပ်စိုးတော်မူထသော၊ ဘုရင်တကာရို့၏ဘုရင်၊ အသျှင်တကာရို့၏အသျှင်ဖြစ်တော်မူထသော ဘုရားသခင်သည် ကာလအချိန် ရောက်သောအခါ ကိုယ်တော်အား ထင်ရှားစွာ ပေါ်ထွန်းစီတော်မူလိမ့်မည်။


ဒါဝိဒ်အမျိုးမှ ဆင်းသက်လာသူတစ်ယောက်ဖြစ်သည့် သီခြင်းမှ ထမြောက်လာသော ယေသျှုခရစ်တော်ကို အောက်မိ့လော့။ ဤကား ငါ၏ သတင်းကောင်းတရားဖြစ်၏။


သို့ရာတွင် ယေသျှုသည် ထာဝရအသက်ရှင်တော်မူသည်ဖြစ်၍ သူသည် ပြောင်းလဲခြင်း မဟိသော ယဇ်ပုရောဟိတ်ဖြစ်တော်မူ၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။


“ငါ ယေသျှုသည် အသင်းတော်များ၌ ဟိကြသော သင်ရို့အား ဤအကြောင်းအရာများကို ကြေညာရန် ငါ၏ကောင်းကင်တမန်ကို စီလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ တောက်ပသော မိုးသောက်ကြယ်လည်း ဖြစ်၏။”


ဤအကြောင်းအရာများကို သက်သီခံတော်မူသော အသျှင်က “မုချ၊ ငါသည် မကြာခင် ကြွလာမည်” ဟု မိန့်တော်မူ၏။ ဤအတိုင်းပင် ဖြစ်ပါစီသောဝ်။ အသျှင်ယေသျှု ကြွလာတော်မူပါ။


ထိုအခါ သတ္တဝါလေးပါးရို့က “အာမင်” ဟု မြွတ်ဆိုကြ၏။ အကြီးအကဲရို့သည်လည်း ပျပ်ဝပ်လျက် ကိုးကွယ်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ