31 ဘုရားသခင်နှင့် မှန်ကန်ရန်အတွက် ပညတ်တရားကို ရှာနိန်ကြသော ဣသရေလလူမျိုးတိမှာကား ဘုရားသခင်နှင့် မှန်ကန်သောတရားလမ်းကို မတွိ့ကြ။
ဟေသျှာယက “ငါ့ကို မရှာသောသူရို့သည် ငါ့ကိုတွိ့ခကြ၏။ ငါ၏အကြောင်းကို မမိန်းသော သူရို့အား ငါ ကိုယ်တိုင် ဖော်ပြခ၏” ဟု ထင်ရှားစွာ ပြောဆိုခ၏။
ဇာပိုင်လဲဆိုကေ၊ ဣသရေလလူရို့သည် သူရို့ ရှာသောအရာကို သူရို့ မတွိ့ကြ။ ဘုရားသခင်ရွီးကောက်ထားသည့် လူအနည်းချေတိရာ တွိ့ကြရ၏။ ကျန်ကြွင်းသော သူရို့သည်ကား နားမကြားနိုင်ကတ်ယာ။
ထို့ကြောင့် ပညတ်တရားအလိုကို လိုက်လျှောက်ခြင်းဖြင့် ဘုရားသခင်၏မျက်မှောက်၌ မည်သူမျှ ဖြောင့်မတ်သောသူတစ်ယောက် မဖြစ်လာနိုင်။ ပညတ်တရားသည်ကား လူသားတိသည် အပြစ်ကျူးလွန်ကြကြောင်းကို သိကြစီခြင်းငှာ ဖော်ပြလျက်ဟိ၏။
သို့ဖြစ်၍ ငါရို့မှာ ဝါကြွားစရာ အကြောင်း ဟိနိုင်ပါမည်လော။ လုံးဝမဟိနိုင်။ ဝါကြွားစရာအကြောင်း ဇာမှာဟိပါဖို့လဲ။ ငါရို့သည် ပညတ်တရားကို ကျင့်ကြသလော။ မကျင့်ကြ။ သို့ရာတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ ဖြစ်၏။
ဤသို့ဆိုရာတွင် ပညတ်တရားနှင့် ဘုရားသခင်၏ ကတိတော်များသည် ဆန့်ကျင်ဖက် ဖြစ်နိန်သလော။ လုံးဝမဟုတ်ပေ။ အကယ်၍ အသက်ရှင်စီနိုင်မည့် ပညတ်တရားကို လူသားတိ ရဟိခလျှင် လူတိုင်းပင် ထိုပညတ်တရားကို စောင့်ထိန်းခြင်းဖြင့် ဖြောင့်မတ်ခြင်းကို ရဟိနိုင်ကြမည် ဖြစ်၏။
စိတ်အားထက်သန်မှုကို ဆိုရလျှင် အသင်းတော်ကို ညှည်းပန်းနှိပ်စက်ခသူဖြစ်၏။ ပညတ်တရားကို လိုက်နာကျင့်သုံးမှုကိုဆိုသော် ငါသည် အပြစ်ဆိုဖွယ်မဟိသောသူ ဖြစ်သည်။