17 ကျမ်းစာ၌ အဲဂုတ္တုဘုရင်အား ပြောဆိုထားသည်မှာ၊ “ငါ၏တန်ခိုးကို ပြခြင်းငှာလည်းကောင်း၊ ငါ၏နာမကို မြီကြီးတပြင်လုံးသို့ ကျော်စောခြင်းငှာလည်းကောင်း၊ သင့်ကို ဘုရင်အရာ၌ ငါ ချီးမြှောက်ပြီ” ဟု ဆိုထား၏။
အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်” ဟု ဆုတောင်းတော်မူ၏။
ထိုအခါ ဘုရားသခင်က ဧလိယကို ပြန်၍ မိန့်တော်မူသည်မှာ၊ “ဗာလနတ်ဘုရားကို မကိုးကွယ်သော လူ ၇,၀၀၀ သည် ငါ့အတွက် ကျန်နိန်သိမ့်၏” ဟု မိန့်တော်မူ၏။
သို့ရာတွင် ယေသျှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ထိုယုံကြည်သူတိုင်းအား ကတိတော်ကို ရဟိခံစားစီခြင်းငှာ လောကတစ်ခုလုံးသည် အပြစ်တရား၏ လက်အောက်တွင် ကျရောက်နိန်ကြောင်းကို ကျမ်းစာတော်မြတ်၌ ဖော်ပြထား၏။
ဘုရားသခင်သည် တခြားလူမျိုးရို့၏ ယုံကြည်ခြင်းကိုထောက်၍ ဖြောင့်မတ်သောသူ ဖြစ်မည်ဟု ကျမ်းစာတော်မြတ်က ကြိုတင်၍ ဖော်ပြထားပြီး “သင့်အားဖြင့် လူမျိုးအပေါင်းရို့သည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရကြလိမ့်မည်” ဟု သတင်းကောင်းကို အာဗြဟံအား ကြေညာခ၏။
သို့ရာတွင် ကျမ်းစာတော်မြတ်၌ မည်သို့ ဆိုထားသနည်း။ “ဤကျွန်မနှင့် သူမ၏သားကို နှင်ထုတ်လော့။ ကျွန်မ၏ သားသည် ကျွန် မဟုတ်သော မိန်းမ၏သားနှင့်အတူ ဖခင်၏အမွီကို မခံရ” ဟု ဆို၏။